အခန်း (၁၅) - သက်ဝင်လှုပ်ရှားခြင်

478 89 5
                                    

Unicode

အခန်း (၁၅) - သက်ဝင်လှုပ်ရှားခြင်း

ကူညီမည့် တစ်ယောက်ရှိတာမို့ ချန်ရှင်းရဲ့ အလုပ်က ပိုမိုလွယ်ကူလာခဲ့ပြီး ဆိုင်ဖွင့်ရသည့် အချိန်မှာလည်း အတော်လေး တိုတောင်းသွား ၏။  အစောပိုင်း မသက်မသာဖြစ်မှုများကို ခံစားရပြီးနောက်တွင်‌တော့ အိမ်ပြန်ချိန်ကို မထိခိုက်စေမည့် သင့်လျော်သည့် ပမာဏ ရှိသည့် အစားအသောက်များကို ထပ်မံထည့် ပေါင်းလိုက်၏။ အရောက်‌နောက်ကျလို့  အစားအသောက်မဝယ်လိုက်နိုင်တဲ့ ဖောက်သည်များပင်လျှင် အချိန်မလွတ်သွား သရွေ့ အစားအသောက်များ ဝယ်နိုင်လိမ့်မည်ပင်။

ဆိုင်ရှင်ချောင်၏ စားသောက်ဆိုင်၌ဖြစ်သည်။

အမျိုးသမီးက ကောင်တာနောက်တွင် မှီကာ ဆိုင်ရှိ ဖောက်သည်ပမာဏ ကျိုးတိုးကျဲတဲကို ကြည့်ကာ သူ(မ) မျက်နှာက ဒေါသရိပ်များ ပြည့်လို့နေ၏။  နောက်ဆုံးတွင်တော့ သူ(မ) ထိန်းမထားနိုင်တော့။ ကောင်တာနောက်ကနေ ထွက်သွားပြီး တံခါးဆီ  လှမ်းကြည့်လိုက်၏။   ဖောက်သည်‌တွေပဲ နည်းကုန်တာလား? ဘာတွေပဲ ဖြစ်နေတာလဲဆိုတာကို  သူ(မ) ကြည့်ချင်သည်။ ဤဆိုင်၏ ဖောက်သည် အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ နည်းပါးလာခဲ့ပြီး သူ(မ)၏ဝင်ငွေသည်လည်း ယခုလတွင် လေးဆယ်ရာခိုင်နှုန်း နီးပါး ကျဆင်းသွားခဲ့ရ၏။  ဒီအတိုင်းသာ ဆက်သွား ခဲ့ပါက ဒီစားသောက်ဆိုင်ကို ထိန်းမထားနိုင် တော့မှာကိုတောင် ကြောက်မိနေရလေပြီ။

ဆိုင်ရှင်ချောင် တံခါးဆီသို့ လျှောက်သွားလိုက် ကာ သွားလာနေတဲ့ လူတွေကို ကြည့်ရင်း ပြဿနာက ဘာလဲ ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေခိုက် လူအုပ်ထဲမှာ သူ(မ) ရင်းနှီး ပြီးသား ဖောက်သည်တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရလေ၏။ ထိုသူက အသက် နှစ်ဆယ်ကျော်ခန့် လူငယ်လေးတစ် ယောက်ဖြစ်ပြီး ခန္တာကိုယ် ခပ်ပြည့်ပြည့်ဖြင့် အဝတ်အထည် အကောင်းစားတွေကို ဝတ်စားထားသူဖြစ်၏။ ထိုသူက မျှော်လင့် ချက်အပြည့်ဖြင့် လမ်းပေါ်၌ စိတ်လှုပ်ရှားစွာ လျှောက်လှမ်းနေ၏။

ဆိုင်ရှင်ချောင်က ထိုသူ သူ(မ) အနားကဖြတ် သွားခိုက် လှမ်းခေါ်လိုက်၏။  " ဖုသခင်လေး! "

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now