အခန်း (၇) - ‌တိရိစ္ဆာန်မွေးမြူခြင်း

1.2K 167 4
                                    

Unicode

အခန်း (၇) - ‌တိရိစ္ဆာန်မွေးမြူခြင်း

တစ်ဆင့်စကား တစ်ဆင့်နားနှင့်ပင် ချန်ရှင်းရဲ့ လုပ်ငန်းက တစ်နေ့တခြား ပိုမိုကောင်းမွန်လာ ခဲ့ကာ လာစားတဲ့ သူတွေလည်း ပိုပိုပြီး များလာ ခဲ့၏။ တစ်ခါတလေဆိုလျှင် သူ မရောက်ခင် ကတည်းက စောင့်ဆိုင်းနေကြတဲ့ သူတွေတောင် ရှိလာခဲ့သည်။

ဒီနေ့မှာတော့ ချန်ရှင်း သူ့တွန်းလှည်းကို နေရာချနေတုန်းရှိသေး ကြိုစောင့်နေတဲ့ အဘွားအိုက “ မင်းဆိုတဲ့ ဆိုင်ရှင်ငယ်လေးက တော့လေ ဘာလို့များ နေ့တိုင်း နောက်ကျမှ လာ,လာနေတာတုန်း? ငါ့ မြေးလေးက မင်း‌ဆီက ဟင်းကို စားဖို့ စောင့်နေတာ! စကားမစပ် ဒီနေ့လည်း ငါ့ကို ပိုထည့်ပေးဖို့ သတိရနော်! ”

ထိုသို့ပြောပြီးနောက် သူ(မ) ယူလာတဲ့ ပန်းကန် လုံးကြီးကို ချန်ရှင်းဆီ ကမ်းပေးလာကာ ဒီနေ့ အတွက် ထည့်ပေးဖို့ ချန်ရှင်းကို ပြောလာလေ ၏။

သူ(မ)က နေ့တိုင်းလာ‌ဝယ်နေတဲ့ ဖောက်သည်ဖြစ်နေလေရာ ချန်ရှင်းက သူ(မ) အပိုတောင်းတတ်တာကို သိပ်ပြီး ဂရုစိုက်မနေ ပါချေ။ သူ(မ)ဆီ ပန်းကန်လုံး ကမ်းပေးလိုက် ကာ အပြုံးလေးနှင့်သာ ဆိုလိုက်၏။ “ ဒီမှာပါဗျ, ဒေါ်ဒေါ်ရှန့်ရဲ့ ထမင်း ”

အမျိုးသမီးရှန့်က ပန်းကန်လုံးကို လှမ်းယူ လိုက်ပြီး ချန်ရှင်းရဲ့ ပြုံးနေတဲ့ မျက်နှာလေးကို လှမ်းကြည့်လိုက်၏။ ခဏလောက်တော့ သည်းခံနေလိုက်သေးပေမယ့် ဒီထက်ပိုပြီး တောင့်မခံနိုင်တော့တာကြောင့် ချန်ရှင်းဆီ လမ်းလျှောက်သွားလိုက်ကာ မေးမြန်းမိတော့ သည်။ “ ဆိုင်ရှင်လေး, မင်း ဒီတို့ဖူးကို ဘယ်လိုလုပ်ထားတာလဲ? တော်တော်လေး အရသာရှိလို့လေ, မင်း ငါ့ကို သင်ပေးနိုင်မ လား? ငါ့မြေးလေးက ဒါစားရတာ ကြိုက်လို့ပါ ”

ချန်ရှင်းအနေနဲ့ ဒီလိုမေးခွန်းမျိုး အမေးခံရတာ က ပထမဆုံး ဖြစ်လေရာ ခဏလောက် ဘာဖြေ ရမှန်းမသိတော့သလိုတောင် ဖြစ်သွားရ၏။

ချန်ရှင်း ဒွိဟဖြစ်နေတုန်းမှာပဲ အမျိုးသမီးရှန့် အနောက်မှာ တန်းစီနေတဲ့ လူတစ်ဦးက ကျယ်ကျယ်လောင်လောင် ထအော်တော့၏။ “ အဒေါ်, ခင်ဗျား အသက်ကြီးလာလို့ စိတ်ဖောက်သွားတာလား? ဒါက ဆိုင်ရှင်လေးရဲ့ လျို့ဝှက်ချက်ပြုတ်နည်းလေ, ခင်ဗျားကို ပြောပြလို့ ဖြစ်မလား? ဝယ်စရာရှိတာ ဝယ်ပြီးရင်လည်း ဖယ်ပါတော့, ကျုပ်တို့ အစာစားချိန်ကို နှောင့်နှေးအောင် လာလုပ်မနေနဲ့ ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now