အခန်း (၁၃) - ဆိုင်ပြန်ဖွင့်ပြီ

946 123 4
                                    

Unicode

အခန်း (၁၃) - ဆိုင်ပြန်ဖွင့်ပြီ

ဆိုင်နေရာ ငှားပြီးသည့်နောက် ချန်ရှင်း ဆိုင်ကို ဖွင့်ဖို့ရာ အလျင်စလို မလုပ်ဖြစ်ခဲ့ပေ။  ထိုအစား လှည့်လည်သွားလာကာ ဆိုင်ရဲ့ အရွယ်အစားကို ချင့်ချိန်ဆုံးဖြတ်လိုက်ပြီး နောက် ဆိုင်မှာ ထပ်ဖြည့်ဖို့ ဘာတွေ ဝယ်ရမလဲ ဆိုတာကို စတင် တွေးတောလိုက်၏။

ချန်ရှင်း အရင် မာပိုတို့ဖူးရောင်းတုန်းက သူ့မှာ ရှိတာက တွန်းလှည်းလေးတစ်ခုသာ ဖြစ်ရာ သူရောင်းနိုင်တဲ့ ပစ္စည်းက အကန့်အသတ်ရှိ‌နေ သည်ပင်။  သို့သော်ငြား ယခုမှာတော့ ဆိုင်ခန်း လေးတစ်ခုရှိလာပြီး ပိုမိုချဲ့ထွင်နိုင်တော့မှာမို့ သူ့မှာ အကေယ်ုအထည်ဖော်စရာတွေ အများကြီး ရှိနေလေပြီ။

ပထမဦးစွာ ချန်ရှင်း ဆိုင်ရဲ့ ဘေးနှစ်ဖက်ကို ကာဖို့ ဝါးဖြင့် ပြုလုပ်ထားသည့် ကန့်လန့်ကာ အချို့ ဝယ်ယူရန် စီစဉ်လိုက်သည်။  ၎င်းက လေတိုက်ခြင်းကို တားဆီးနိုင်ရုံသာမက မိုးရွာသည့်အခါတွင်လည်း ထိရောက်သည့် ကာကွယ်မှု ရှိစေမည်ဖြစ်သည်လေ။

ဒုတိယအနေဖြင့် ချန်ရှင်း ထိုနေရာတွင် ထားရှိရန် စားပွဲနှင့် ကုလားထိုင် နှစ်စုံ လိုအပ်သေးသည်။ သို့မှသာ ဖောက်သည်များ အတွက် အဆင်ပြေချောမွေ့စေရည်ဖြစ်ကာ အသစ် အသစ်သော ဖောက်သည်များလည်း တိုးပွားလာမည်ဖြစ်သည်။

နောက်ဆုံးအနေနဲ့ ချန်ရှင်း နောက်ထပ် အစားအစာတစ်မျိုးကို ထပ်ပြီး ထည့်ဖို့ စီစဉ်နေလေရာ စားသုံးသူ‌တွေအတွက် ရွေးချယ်စရာ ပိုမိုများပြားလာပြီး ပိုက်ဆံလည်း မြန်မြန်ရနိုင်မည်ဖြစ်‌၏။

သူ ချရေးထားတာတွေကို ကြည့်လိုက်ပြီး ချန်ရှင်း တိတ်တိတ်လေး သက်ပြင်းချလိုက် မိ၏။  မနေ့က အရာရှိကသာ ဆိုင်ခန်းငှားခကို တစ်နှစ်စာလုံး တစ်ခါတည်း မပေးခိုင်းခဲ့တာ ကိုပဲ ဝမ်းသာရမည်ဖြသ်သည်။ မဟုတ်လျှင် ဒီနေ့ ဒီပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံမရှိတော့ မှာတောင် စိုးရိမ်မိပါ၏။

စာရင်းစာရွက်ကိုယူပြီး ချန်ရှင်း နောက်ဆုံး အကြိမ်တုန်းက တွန်းလှည်းဝယ်ခဲ့သည့် လက်သမားဆိုင်ဆီ တန်းတန်းမတ်မတ်သွား လိုက်သည်။ ထို့နောက် ထိုဆိုင်ရှိ ဈေးအသက် သာဆုံး စားပွဲနှင့် ကုလားထိုင်များက ဘယ်လောက်ကျသင့်မလဲဆိုတာကို တိုက်ရိုက်ပင်မေးလိုက်၏။ တကယ်တမ်း  ဤဆိုင်ကို မည်မျှကြာကြာဖွင့်နိုင်မည်ကို သူကိုယ်တိုင်ပင် မသိလေရာ အရမ်းကောင်း တာကြီးတွေကို သုံးဖို့တော့ မလိုအပ်ပါချေ။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now