အခန်း (၁) - ကူးပြောင်းလာခဲ့ပြီ

3.2K 222 3
                                    

Unicode

အခန်း (၁) - ကူးပြောင်းလာခဲ့ပြီ

အပြင်ဘက်က ကြက်တွေရဲ့ အဆက်မပြတ်တွန်သံကြောင့် ချန်ရှင်း သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ မျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက သူ့ခေါင်း‌ပေါ်က ကာကီရောင် အမိုးဖြစ်ပြီး သူ့ခန္ဓာ‌ကိုယ်ပေါ် ခြုံထားတဲ့ စောင်ဆီကနေလည်း စိုထိုင်းထိုင်း အနံ့ကို ရလိုက်လေ၏။ သူ့နှလုံးသားထဲကနေ တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်မိသည်။

ချန်ရှင်း ခံစားနေရတာက သူ ဒီနေရာကို ရောက်နေတာ ဘယ်လောက်တောင် ‌‌ကြာသွားပြီလဲဆိုတာက ကိစ္စရှိမနေပါချေ။ သူ ဒီကို ချန်ရှင်းအဖြစ် ရောက်နေတာက သုံးရက်သာရှိသေးလေရာ ဒီက ဘ၀မျိုးနဲ့ သိပ်ပြီး အံ၀င်ခွင်ကျဖြစ်မနေခဲ့။

ဟုတ်သည်။ ချန်ရှင်းက ဒီနေရာက လူ လုံးဝမဟုတ်မ‌နေခဲ့ ။ အရင်တုန်းက သူက ၂၁ရာစုက Zနိုင်ငံမှာနေထိုင်ခဲ့တဲ့သူပင်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ Z နိုင်ငံရဲ့ နိုင်ငံ့ဟင်းလျာ အမွေဆက်ခံသူ ရှစ်ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်လာခဲ့သူလည်းဖြစ်၏။ သနားစရာကောင်းစွာနဲ့ပဲ တခြားနိုင်ငံက စားဖိုမှူးတွေနဲ့ ပူးပေါင်းတွေ့ဆုံဖို့ လေယာဉ်စီးနေစဉ်မှာပင် လေယာဉ်က အရေးပေါ် အခက်အခဲနဲ့ ကြုံကြိုက်လာခဲ့ကာ ပျက်ကျလို့ သွားပါတော့သည်။ သူသည်လည်း မူလ “ ချန်ရှင်း ’’အဖြစ်ကနေ ရှေးခေတ် “ ချန်ရှင်း ” အဖြစ် ပြောင်းလဲ သွားခဲ့ပြီပင်။

ယခုချန်ရှင်းက ချန်မိသားစု မျိုးနွယ်စုခေါင်းဆောင်နဲ့ ကိုယ်လုပ်တော်ရဲ့ သားဖြစ်သည်။ သူက ချန်သခင်ကြီးရဲ့ သားဖြစ်သည်ဆိုသော်ငြား အိမ်တော်ထဲက သူ၏ ဖြစ်တည်မှုက အစေခံတစ်ယောက်နဲ့ လုံး၀ မကွာခြားပါချေ။

ချန်ရှင်းအတွက် ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းတာက သူ့ခမျာ ရှေးခေတ်ကို ကူးပြောင်းလာရသည်သာမက ထို‌ခေတ်ကလည်း သူတစ်ခါလေးသော်မျှ မကြားဖူးသည့် မင်းဆက်ဖြစ်နေသည့် ကိစ္စရပ်ပါပင်။ ထိုခေတ်က လူတွေမှာက လိင်အမျိုးအစား သုံးမျိုး ရှိလေ၏။ ပထမနှစ်မျိုးကတော့ ယခင်ဘ၀နှင့် အတူတူပါပင်။ နောက်‌ဆုံးတစ်မျိုးကတော့ ယောင်္ကျားလေးသွင်ပြင်နှင့် ကိုယ်ဝန်လွယ်နိုင်သည့် အမျိုးအစားဖြစ်လေ၏။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now