အခန်း (၄) - ‌ဖက်ထုပ်စွပ်ပြုတ်

1.5K 206 4
                                    

Unicode

အခန်း (၄) - ‌ဖက်ထုပ်စွပ်ပြုတ်

ချန်ရှင်း ကုမိသားစုအိမ်တော် အပြင်ကို လမ်းလျှောက်ထွက် လာရင်း အပြင်ဖက်က မြင်ကွင်းက သူ စိတ်ကူးထားတာနဲ့ မတူညီဘူးဆိုတာကို သတိပြုမိသွားရ လေသည်။ 

ချန်ရှင်း အစက ထင်ထားတာက တံခါးအတွင်းဘက်မှာ မြက်ပင်ရှည်ကြီးတွေ ရှိနေတာမို့ အပြင်ဘက်တွင်လည်း ထူးမခြားနားစွာ ယိုယွင်းနေလိမ့်မည် ဟုပင်။ ‌မမျှော်လင့်ထားစွာနဲ့ ကုမိသားစုအိမ်ရဲ့ အပြင်ဘက်မှာ လမ်းတစ်လမ်း တကယ်ပင်ရှိနေသည်လေ။ ဒီနေရာမှာ လမ်းသွားလမ်းလာတွေ အများကြီး ရှိမနေပေမယ့် အခုလက်ရှိ စွန့်ပစ်နေရာ မဟုတ်တာတော့ သေချာနေပြီပင်။ 

ချန်ရှင်းက ကုမိသားစုအိမ်ရဲ့ ပျက်စီးယိုယွင်းနေတဲ့ တံခါးရွက်ကို ပြန်လှည့်ကြည့်လိုက်သည်။ သို့သော်ငြား တံခါးအပြင်ဘက်နဲ့ အတွင်းဘက်က ဘာလို့ ဒီလောက်ကြီးမားတဲ့ ကွာခြားမှုကြီး ရှိနေတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေဆဲပါပင်။ ဒါပေမယ့်လည်း သူလုပ်ရမယ့် စီးပွားရေးကိစ္စကို ပြန်သတိရသွားတာကြောင့် အချိန်ထပ်ဖြုန်းမနေတော့ပဲ ထိုအစား သွားရမယ့် ဦးတည်ချက်တစ်ခုကို ရွေးကာ လမ်းလျှောက် ထွက်လာလိုက်တော့သည်။ 

တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် သွားပြီးတဲ့ နောက် ကုမိသားစုအိမ်ရဲ့ နှစ်ဘလောက်ခန့် အကွာအဝေးမှာ လူတွေ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေတံ့ လမ်းသွယ်လေးကို ချန်ရှင်း တွေ့လိုက်ရလေသည်။ ၀င်ထွက်သွား လာနေတဲ့ လူတွေနဲ့ ပူပူနွေးနွေး သရေစာတွေကို ကြည့်ကာ သူ နေရာမှန်တွေ့သွားပြီဟု ချန်ရှင်း ခံစားလိုက်ရသည်ပင်။ 

ချန်ရှင်းက လမ်းအဆုံးမှာ ရပ်ကာ အချိန်တော် တော်ကြာထိ လေ့လာနေလေရာ ထိုလမ်းထဲ ၀င်ထွက်သွားလာနေတဲ့ လူအများစုက သန်မာ တဲ့ အလုပ်သမား‌တွေဆိုတာကို သူ သတိပြုမိလိုက်သည်။ ကလေး‌တွေကို လက်ဆွဲထားသည့် အမျိုးသမီးများသည် လည်း အခါအားလျော်စွာ ဖြတ်သန်းသွား ကြလေ၏။ ထိုအခါ သူခန့်မှန်းမိသည်က အနီးအနားတစ်ဝိုက်တွင် အလုပ်သမား အများကြီးလုပ်ရလောက်မည့် အလုပ်‌နေရာ တစ်ခုရှိနေမည်ဟုပင်။ ထို့ကြောင့်သာ ဒီလို မြင်ကွင်းမျိုး မြင်တွေ့နေရခြင်းပင်။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now