အခန်း (၉) - အပြန်အလှန်ဆက်ဆံခြင်း

1.2K 154 3
                                    

Unicode

အခန်း (၉) - အပြန်အလှန်ဆက်ဆံခြင်း

နောက်တစ်နေ့မှာတော့ အပြင်ဘက်က မိုးရွာတဲ့ အသံကြောင့် ချန်ရှင်း အိပ်နေရာကနေ နိုးလာခဲ့သည်။ တံစက်မြိတ်ပေါ် ကျဆင်းနေတဲ့ မိုးရေတွေကြောင့် တဖြောက်ဖြောက်မည်နေ လေ၏။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တုန်းမှာပဲ သူ့အခန်းထဲက လေထုက သာမာန်ထက် အေးနေတာကို ခံစားလိုက်ရ၏။

ချန်ရှင်း ခဏလောက် စောင်ထဲ ပြန်တိုးဝင် လိုက်ကာ ကြုံတောင့်ကြုံခဲ အအေးဒဏ်လေး ကို ခံစားလိုက်ပြီးမှ ဖြည်းဖြည်းချင်းထရာ အဝတ်အစားလဲလိုက်၏။

ချန်ရှင်း အခန်းရဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ကာ အပြင်ဘက်မှာ ရွာနေတဲ့ မိုးကို ကြည့်ရင်း အေးမြမှုကို ခံစားနေလိုက်၏။ သူ နည်းနည်းလောက် ပိုပြီး  စိတ်ဓာတ်ကျသလို လည်း ခံစားနေခဲ့ရ၏။ သူ အစက ဒီနေ့ အပြင်ထွက်ပြီး လိုင်ကျို့အကြောင်း ထွက်စုံစမ်းမယ်လို့ တွေးထားခဲ့တာဖြစ်သည်။ အခုတော့ ကြည့်ရတာ နောက်နေ့မှပဲ သွားရတော့မယ်ထင်ပါရဲ့

သူ မသွားနိုင်ပေမယ့်လည်း စိတ်အရမ်း ပျက် သွားတာမျိုးတော့လည်း မဟုတ်။ ဒီအခွင့်အ ရေးကို အသုံးချပြီး နားနိုင်သည်လေ။ သူ့ စိတ် အခြေအနေကို ရှင်းလင်းအောင် လုပ်လိုက်ကာ ဆေးကြောသန့်စင်ပြီးတာနဲ့ မနက်စာပြင်ဖို့ မီးဖို ချောင်ဆီ ဦးတည်လိုက်၏။

ချန်ရှင်း မီးဖိုချေယင်ဆီရောက်တော့ တွေ့လိုက် ရတာက ဒီနေ့အတွက် ဆေးကျိုနေသည့်သူက ကုလန်ကိုယ်တိုင်ဖြစ်နေခြင်းပင်။ ချိုးကျိုကို တော့ ဘယ်နေရာမှာမှ မတွေ့မိသေး။

ချန်ရှင်းက မီးဖိုချောင်ထဲ ခြေလှမ်းလိုက်ကာ ခဏလောက် ရပ်လိုက်၏။ ကုလန်က ချန်ရှင်း ရောက်လာတာကို ခံစားမိပုံရကာ သူ့လက်ထဲ က နှီးယပ်တောင်ကို ချလိုက်ရင်း ချန်ရှင်းကို လှည့်ကြည့်လာ၏။ ထိုအခိုက် ချန်ရှင်းမျက်နှာ ပေါ်က အံ့ဩရိပ်ကို တွေ့သွားလေရာ ခပ်တိုးတိုး ဆိုလာလေ၏။ “ ဘာဖြစ်လိုလဲ? ”

ချန်ရှင်း ရှက်ရှက်နဲ့ နှုတ်ခမ်းတွေကို‌ စေ့လိုက် မိ၏။ သို့သော်ငြား ခပ်နိမ့်နိမ့် အသံဖြင့် မေး လိုက်မိဆဲ “ ခါတိုင်း ချိုးကျိုပဲ ဆေးကျိုနေကျ မဟုတ်ဘူးလား? ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now