ပြိုင်ကားကွင်း..
လူငယ်တွေအများဆုံး လာရောက်ရာနေရာ
တစ်ခုဆိုလဲ မမှားဘူး..။ ဒါပေမယ့် တော်ရုံတန်ရုံ
အခြေခံ လူတန်းစားထဲက သားသမီးတွေတော့
မဟုတ်..။ ဒိတ်ဒိတ်ကြဲ စီးပွားရေး ပညာရှင်တွေရဲ့
အဖိုးတန်ရတနာလေးတွေသာဖြစ်သည်..။ပြိုင်ကွင်းမှာ အများစုကတော့ ယောင်္ကျားလေးတွေ
များသည်..။ ဒါပေမယ့် တစ်ချို့သော မိန်းမလှ
လေးတွေဟာလည်းရှိသည်..။ ဒါကတော့
အဖော်ပြုဖို့အတွက်လို့ပဲ ပြောရမလားပဲ..။ပြိုင်ပွဲဟာ မစသေး..။ အကုန်လုံးဟာ
သူတို့ရဲ့ ထိပ်တန်း ပြိုင်ပွဲဝင်ကြီးကို
စောင့်ဆိုင်းနေကြသည်..။ ထိုသူဟာ
ထိုပြိုင်ပွဲ club အတွင်းမှာ ရှိတဲ့ အချမ်းသာ
ဆုံးသော မျိုးရိုးကနေ ဆင်းသက်လာတဲ့သူပင်..။ချမ်းသာသည်ဆိုတဲ့အတိုင်း မာနကို ဘုရားမှတ်
ကိုးကွယ်သလားတောင် အောက်မေ့ရသည်..။
အရမ်းလဲချေမိုးသလို အရမ်းလဲမိုက်တဲ့
ကောင်လေးတစ်ယောက်လို့ ပြောရမလားပဲ..။ဒါပေမယ့် အရမ်းလဲဆိုးသည်..။ ပြဿနာလေးများ
တစ်ခုခုဖြစ်ရင် ထိုသူဟာ ထိပ်ဆုံးကနေ
ပါဝင်နေသည်..။ တစ်ဖက်က နစ်နာသူက
အရေးယူချင်တယ်ဆိုရင်တောင် ယူလို့မရ
ဘာလို့ဆိုတော့ သူတို့မိသားစုက ထိုင်းနိုင်ငံရဲ့
အချမ်းသာဆုံး Top2ဖြစ်ပြီး သူတို့အပေါ်မှာ
လုပ်ငန်းရှင် တစ်ယောက်သာ ရှိတော့သည်..။ရဲတွေနဲ့ပါ အဆက်သွယ်ရှိတာကြောင့် အရေးယူချင်တိုင်းယူလို့မရတဲ့အထဲမှာပါသည်..။
ထိုအချိန်မှာ ပြိုင်ကားအနီရောင်လေးဟာ
လူအုပ်ရှေ့၌တစ်ရှိန်ထိုး ဆိုက်ရောက်လာသည်..။
ထိုကားထဲကနေ ခြေတံရှယ်တွေနဲ့အတူ
အမိုက်အစားဖက်ရှင်ပုံစံဖြင့် ထွက်လာသည့်
သူဟာ ရုပ်ရှင်မင်းသားအလား..။Cargo pants အနက်ရောင်နဲ့အတူ အထဲက
Tank topအဖြူကို တွဲဝတ်ထားသည်..။
အဲ့တာတင်မကသေးပဲ အပေါ်ထပ်အနေနဲ့
အနီရောင် jacket ကိုပါ ထပ်ပြီး ဝတ်ထားသည်..။
လက်ဝတ်တန်ဆာအနေနဲ့ လည်ပင်းမှာ
Chain ဆွဲကြိုးတစ်ကုံးရှိပြီး လက်မှာလဲ
လက်စွပ်ဟာ သုံးကွင်းလောက်ကို ဝတ်ဆင်ထားသည်..။ ဖောက်ထားသည့်နားမှာဝတ်ထားသည့်
Lv နားကပ်ဟာလည်း တောက်ပနေသည်..။
YOU ARE READING
Anything You Want Baby
Fanfiction" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic