Ep-10

728 83 30
                                    

ရုံးခန်းအတွင်းမှာရှိတဲ့လေထုဟာ ပုံမှန်ထက်ကို
ပိုပြီး တိတ်ဆိတ်နေသည်..။ အေးအေးစက်စက်
အဲကွန်းခန်းအတွင်းမှာ လူနှစ်ယောက်ဟာလည်း
ဘာစကားမှမပြောပဲနဲ့ ကိုယ့်အလုပ်ကိုလုပ်နေကြသည်..။

Fourth Nattawat သို့ စာရင်းတွေကိုတွက်နေပေမယ့် အာရုံက များပြားလှသည့် ကိန်းဂဏန်းတွေ
ဆီမှာဟုတ်မနေ..။

" ခံစားချက်ရှိနေပြီ " ဟု ဖွင့်ပြောလာသည့်
ထို့လူ့ကြောင့် အဲ့ဒီ့အခိုက်အတန့်မှာ ငါ့ရဲ့နှလုံးခုန်သံတွေ အတိုင်းထွက်လွန်ပြီးမြန်လာသည်..။
ဒုတ် ဒုတ်မြည်နေသည့် ရင်ခုန်သံတွေကို
ထိုလူ ကြားသွားမှာဆိုးတာကြောင့် ထိုလူ့အနားကနေ
အမြန်ဖယ်ထွက်ပြီး toilet ထဲသို့ ငါဝင်လိုက်သည်..။

Toilet ထဲရောက်တော့လဲ စိတ်ကမတည်ငြိမ်သေး
' ခံစားချက်ရှိနေပြီ ' ဆိုတဲ့ အသံဟာ နားထဲမှာ
ပင့်တင်သံလိုမျိုး ထပ်ခါထပ်ခါ ကြားနေရသည်..။

ဒီအတောအတွင်း ဒီတစ်ခဏတာလေးအတွင်းမှာပဲ
ထိုလူက ငါ့အပေါ်မှာ ခံစားချက်ရှိနေခဲ့တာလား..။
မဖြစ်နိုင်တာ..သူ့လိုမျိုး လူကြီးလူကောင်းတစ်ယောက်ကလေ ငါ့လို ဘာမဟုတ်တဲ့ကောင်အပေါ်မှာ..။

ငါ့ဘက်က ခံစားချက်ကိုလဲငါမသိပါ ငါရင်ခုန်တာကလွဲပြီးတော့ ကျန်တာဘာမှမသိဘူး..။ အဲ့တာဆို
ငါကရော ထိုလူ့အပေါ် သဘောကျနေမိတာလား..။

အဲ့အချိန်ကြစပြီး အခုနေ့လည်အထိ ငါတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါ..။ သူကလဲ
သူ့အလုပ်သူလုပ်နေသလို ငါလဲသူပေးထားသည့်
စာရင်းတွေကို တွက်ချက်နေသည်..။

Laptop အပေါ်မှာ အာရုံစိုက်ပြီး စမတ်ကျကျ
အလုပ်လုပ်နေသည့်သူကို ငေးကြည့်မိသည်..။
သူကတော့ သူပဲဖွင့်ပြောပြီး ဘာမှမဖြစ်သလိုပဲ
အပြောခံရတဲ့ငါက ရင်တွေပေါက်ကွဲမတတ်ပဲ..
ရင်ခုန်လွန်းလို့..။

နေ့လည်စာ စားချိန်ဖြစ်တာကြောင့် ငါဗိုက်ဆာနေပြီပင်..။ ပုံမှန်ဆို ထိုလူသည် တူတူသွားစားကြမလား
ဆိုပြီး လာခေါ်ပေမယ့် အခုကြတော့ လာမခေါ်ပါ..။
တကယ်ပါပဲ ဘဲကြီးတွေက အခုတမျိုး တော်ကြာ
တမျိုး..။  တကယ်တမ်း ဖွင့်ပြောခံလိုက်ရတာငါပါ
သူကဘာလို့ ငြိမ်ကျသွားရတာလဲ..။

Anything You Want Baby Where stories live. Discover now