ထိုပါတီပြီးသွားလို့ အိမ်ပြန်တဲ့အချိန်မှာ
ပါးနဲ့မားဟာ သိသွားပုံရပြီးတော့ ဧည့်ခန်းထဲမှာ
အသင့်စောင့်နေပြီး မေးခွန်းတွေမေးပါတော့သည်..။" တွဲတာ ဘယ်လောက်ကြာပြီလဲ.."
" တစ်ပတ်ကျော်ကျော်လေးပဲ ရှိသေးတာပါ.."
ပါးသည် အကြီးအကျယ်တော့ မဆူတော့ပါ..။
အသံခပ်ဖျော့ဖျော့ဖြင့်သာ မေးခွန်းတွေမေးနေသည်..။" ကားက သူဝယ်ပေးထားတာပေါ့.."
" ဟုတ်.."
" သားတို့အချင်းချင်းအဆင်ပြေတယ်ဆိုရင်
ပြီးတာပါပဲ.."ငါအနည်းငယ်အံ့ဩသွားပြီး ခေါင်းငုပ်ထားရာကနေ
ပါးကိုမော့ကြည့်မိသည်..။ ပြောချင်တာက
တွဲလို့ရတယ် မကန့်ကွက်ဘူးဆိုတဲ့ သဘောလား..။" ပါးမကန့်ကွက်ဘူးလား.."
" ဘာလို့ ကန့်ကွက်ရမှာလဲ..သားလဲဆုံးဖြတ်နိုင်တဲ့
အရွယ်တစ်ခုရောက်နေပြီပဲ Khun Gemini က
လူကောင်းတစ်ယောက်မလို့ သားတို့နှစ်ယောက်တွဲတာကို ပါးရော မင်းမာမီရော ဘာမှမကန့်ကွက်ဘူး.."ထင်ထားတာနဲ့ကတလွဲစီဖြစ်နေခဲ့သည်..။ အိမ်ပြန်လာခဲ့တာတောင် အိမ်ရောက်ရင် သေချာပေါက်
အဆူခံရတော့မှာပဲ ဘာမှမဖြစ်ဘူးဆိုတဲ့ စိတ်နဲ့
ပြန်လာခဲ့တာ..။ပါးနဲ့မာမီက ငါ့အပေါ်ကို ဘာတစ်ခွန်းမှတောင်
မဆူပဲနဲ့ အပြည့်အဝနားလည်ပေးသည်..။" ပါးကချစ်စရာကောင်းလိုက်တာ မာမီရောပဲ.."
ထိုင်နေသည့်နေရာကနေထပြီး ပါးနဲ့မာမီအနားကို
ငါသွားရောက်လိုက်သည်..။ ပါးနဲ့မာမီကို ငါဖတ်လိုက်သည်..။ ငါဘယ်လိုမျိုးကို ရွေးချယ်မှုပြုလုပ်ပါစေ ပါးရောမာမီကပါ နားလည်ပေးတာ
ငယ်ငယ်လေးထဲကပင်..။ ပျော်မယ်ဆိုရင် ကြိုက်သလိုလုပ်ဆိုပြီးတော့ အပြည်အဝနားလည်မှုပေးသည်..။ တစ်ခါတစ်လေတော့လည်း အနည်းငယ်ဆူတာမျိုးရှိပေမယ့်လည်း နောက်နေ့ကြရင် ပုံမှန်တိုင်းပြန်ဖြစ်သွားတာပါပဲကံကောင်းလွန်းတယ်မဟုတ်လား..။
မိသားစုရော အချစ်ရေးရော..။" သွားတော့ အဆိုးလေး ရေချိုးပြီး အိပ်ရာဝင်တော့
နောက်ကျနေပြီ.."
YOU ARE READING
Anything You Want Baby
Fanfiction" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic