" အစ်ကိုလေး အောက်မှာ ပစ္စည်းလာပို့တယ်ရှင့်.."
ပိတ်ရက်ဖြစ်တာကြောင့် အေးအေးလူလူလေး
အိပ်နေတုန်းမှာ..အိမ်ကကောင်မလေးတစ်ယောက်သည် အောက်မှာပစ္စည်းရောက်နေတယ်ဆိုပြီးတော့
လာနိုးလေသည်..။" ဟာ..ဘာမို့လို့လဲ ယူထားလိုက်လေ.."
" ကားလို့တော့ ပြောတယ်.."
" ဟမ်!.."
ကားဆိုသည့်အသံကြောင့် အိပ်နေရာကနေ
ငေါက်ခနဲ ထထိုင်လိုက်သည်..။ အိပ်ချင်နေတာတွေပါ အကုန်လုံးပျောက်သွားသလို ခံစားလို့ရသည်..။
ချက်ချင်းဆိုသလို အိပ်ခန်းထဲကနေ မျက်နှာတောင်
မသစ်နိုင်တော့ပဲနဲ့ အပြင်ကို ပြေးထွက်လာခဲ့သည်..။ခြံထဲရောက်တော့ အဆင်သင့်ရောက်နေပြီဖြစ်တဲ့
Bugatti ကားအဖြူရောင်လှလှလေးဟာ
မထိရက်စရာပင်..။ တောက်ပြောင်နေသည့်
အဖြူရောင်လေးအပေါ်မှာ အနီရောင် Bugatti
တံဆိပ်ဟာ နေရာယူထားသည်..။" ခင်ဗျားကံကောင်းတယ် ဒါကမ္ဘာပေါ်မှာ နောက်ဆုံးတစ်စီးပဲ.."
Geminiကျေးဇူးတွေအများကြီးပါဝင်နေသည်..။
သူသာ မဝယ်ပေးခဲ့ရင် ငါတကယ်လက်လွှတ်လိုက်ရတော့မှာပဲ..။" ဒီမှာ လက်မှတ်လေးတစ်ချက်ထိုးပေးပါ.."
" ဟုတ်ကဲ့.."
ထိုကောင်လေးပေးလာသည့် စာရွက်ကိုကြည့်လိုက်တော့ Geminiသည် ငါ့နာမည်နဲ့ မှာပေးထားသည်..။ ငါ့နာမည်အောက်မှာ လက်ခံရရှိကြောင်း လက်မှတ်လေးထိုးလိုက်သည်..။
လာပို့သည့် showroom က ကောင်လေးထွက်သွားသည်နှင့် ငါကားကို ပတ်ပတ်လည် လိုက်ကြည့်မိသည်..။ နှုတ်ကနေလဲ လှလိုက်တာလို့ ရေရွက်နေမိသည်..။ ပြိုင်ကားတွေ သုံးလေးငါးစီးရှိပေမယ့်လည်း ဒါလေးကတော့ အကြိုက်ဆုံးနဲ့ ဈေးအကြီးဆုံးပဲ ဖြစ်လိမ့်မယ်..။
ထိုလူသည် ဒီကားကို နည်းနည်းလေးမှ မတုံ့မဆိုင်းပဲနဲ့ မှာပေးခဲ့သည်..။ အဲ့တာကြောင့် ကားကိုလဲ
ဂရုစိုက်ရမယ်..။ ထိုလူ့ကိုလဲ ဂရုစိုက်ပေးရမယ်..။" Théophile! ငါ့ပိုက်ဆံတွေနဲ့ ကားထပ်ဝယ်ထားတာလား.."
အိမ်ထဲကနေ ထွက်လာသည့် ပါးသည်
သူ့ပိုက်ဆံနဲ့ကားထပ်ဝယ်ထားတယ်ထင်ပြီးတော့
အော်နေသည်..။
YOU ARE READING
Anything You Want Baby
Фанфик" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic