နောက်နေ့မနက်ကြတော့ အလုပ်ကိစ္စဆွေးနွေးဖို့အတွက် ငါတို့ တစ်ဖက်အလုပ်ရှင်ရဲ့ ကုမ္ပဏီကို
မနက်စောစောထွက်လာသည်..။Laသည် ဘယ်လောက်ကြည့်ကြည့်ရိုးမသွားအောင်ကို လှသည်..။ အခုလဲကားပေါ်ကနေ အပြင်ဘက်
ရူခင်းတွေကို ငေးနေမိပြန်သည်..။ ဒီမှာရှိနေတုန်းလေးတော့ တောင်ကုန်းပေါ်မှာရှိသည့် HOLLYWOOD စာတန်းနဲ့ ဓာတ်ပုံရိုက်ဖြစ်အောင်
ရိုက်သွားရမည်..။" ဘယ်သူနဲ့တွေ့မှာလဲ အီလွန်မတ်လား.."
ထိုကလေး၏ မေးခွန်းကြောင့်ငါရယ်မိသည်..။
" အီလွန်မတ်ကို တွေ့နိုင်တဲ့အထိတော့ ကိုယ်က
မချမ်းသာဘူးလေ.."" ချမ်းသာပါတယ် ခင်ဗျားအနေအထားနဲ့
အီလွန်မတ်ကို မျက်နှာချင်းဆိုင်တောင်
တွေ့လို့ရတယ်.."အမူအရာတွေနဲ့ပြောပြနေသည့် ထိုကလေးဟာ
အရမ်းချစ်စရာကောင်းလွန်းနေသည်..။" ဟုတ်ပါပြီ တစ်နေ့တွေ့နိုင်မယ်လို့
ကိုယ်မျှော်လင့်ပါတယ်.."ပြောရင်းဆိုရင်းနဲ့ပဲ သူတို့စီးလာသည့်ကားဟာ
ကုမ္ပဏီတစ်ခုရဲ့ဝန်းထဲသို့ ဝင်လာခဲ့သည်..။
ကားပါကင်မှာ ကားကိုစနစ်တကျလေးထိုးရိပ်လိုက်ပြီးတော့ ကားပေါ်ကနေဆင်းကာ ကုမ္ပဏီကို
ကြည့်မိသည်..။မိုးမျှော်တိုက်တွေထဲကမှ တစ်ခုအပါအဝင်
ဖြစ်လိမ့်မည်..။ ထိုကုမ္ပဏီသည်လည်း ဘန်ကောက်က ထိုလူ့ကုမ္ပဏီအတိုင်းပဲ အထပ်ပေါင်းများစွာ
ရှိသည်..။" ချိန်းထားလားရှင့်.."
Laမှာဖြစ်တာကြောင့် အကုန်လုံးက English လိုဟာ ပြောဆိုကြသည်..။ reception က မိန်းကလေး၏အမေးကို ထိုလူသည် ခပ်အောအော
English အသံနဲ့ပြန်ဖြေသည်..။" ရှိပါတယ်.."
" ဟုတ်ကဲ့ ခနလေးပါ.."
Reception က မိန်းကလေးသည် စာရွက်စာတန်းတွေဖြင့် ချိန်ဆိုထားမထားစစ်ဆေးနေသည်..။
" Mr.Gemini လားရှင့်.."
" ဟုတ်ပါတယ်.."
" ဟုတ်ကဲ့ Ceoကစောင့်နေပါတယ် ညီမနောက်က
လိုက်ခဲ့ပေးပါ.."
YOU ARE READING
Anything You Want Baby
Fanfiction" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic