ဒီနေ့မနက်တော့ ပါးတောင် လာနိုးစရာမလိုပဲနဲ့
ကိုယ့်ဘာ့သာ အစောကြီးထနေမိသည်..။ ထူးဆန်းတာ်လို့ ထင်ရပေမယ့်လည်း နောက်လည်အဲ့လိုပဲ
ဖြစ်မှာပဲလေ..။ရေမိုးချိုး suitအား ပြောင်းဝတ်ပြီးတော့
မနက်စာ စားရန်အောက်သို့ဆင်းလာခဲ့သည်..။
ပါးရယ် မာမီရယ်က ကြိုတင်ပြီးရောက်ရှိနေပြီလေ..။ဒီနေ့မနက်စာဟာ pancakes ဖြစ်တာကြောင့်
ငါမညီးညူတော့ပဲနဲ့ အေးအေးလူလူပဲ
စားနေလိုက်သည်..။" မနေ့ကအဆင်ပြေလား.."
ပါးသည် စကားစလာတာကြောင့် စားနေရင်းကနေ
ရပ်တန့်လိုက်သည်..။" ပြေပါတယ်.."
" အကုန်လုံးနဲ့တည့်အောင်နေနော်
Théophile.."အကုန်လုံးနဲ့တည့်ဖို့ကတော့ တသက်လုံးမဖြစ်နိုင်ပါ..။ မနေ့က ဟိုမန်နေဂျာဆိုတဲ့ကောင်မမှာထဲက
လက်လန်နေပြီ..။ သို့ပေမယ့်လည်း.." ဟုတ်ကဲ့.." ဟုသာ ပါးကိုတုံ့ပြန်လိုက်သည်..။
မနက်စာစားပြီးသည်နှင့် ကုမ္ပဏီသွားဖို့အတွက်
ဂိုထောင်ထဲကနေ ငါ့အချစ်တော်လေးကိုယူထုတ်လာခဲ့သည်..။ပြိုင်ကားနီနီလေးနဲ့ အနီရောင်ဆံနွယ်တွေကလိုက်ဖက်နေပေမယ့်လည်း ဝတ်ထားသည့်
Suit ကတော့ မလိုက်ဖက်နေပါ..။ ဘာပဲဖြစ်ဖြစ်လေ ပြိုင်ကားတွေပဲရှိတာဆိုတော့ ဒါနဲ့ပဲသွားရမှာပဲ..။သေချာပေါက် ကုမ္ပဏီရောက်ရင် လူတွေနဲ့မျက်လုံးက ငါ့ဆီမှာပဲ ရှိနေလိမ့်မယ်..။
ပြိုင်ကားနဲ့သွားတယ်ဆိုပေမယ့်လည်း မနက်ခင်းကြီး ဖြစ်တာကြောင့် လမ်းပေါ်မှာ ကားတွေက
အပြည့်ပင်..။ အဲ့တာကြောင့် သေချာလေး
ဂရုစိုက်ပြီး မောင်းနေရသည်..။ ပုံမှန်လိုသာ
အရှိန်တင်ပြီးမောင်းရင် လမ်းပေါ်ကကားတွေတော့
ကျန်မှာမဟုတ်ဘူး..။လစာမရသေးတာကြောင့် ငါထပ်ပြီးလျော်စရာ
ပိုက်ဆံလဲမရှိပါ..။ဂရုတစိုက်နဲ့ ကားမောင်းလာပြီးတဲ့နောက်မှာ
ကုမ္ပဏီရှေ့သို့ရောက်လာပြီလေ..။ ကုမ္ပဏီဝင်းထဲသို့ ပြိုင်ကားနီနီလေးဝင်လာတာနဲ့အကုန်လုံးက
ဘယ်သူများလဲလို့ ဝိုင်းစပ်စုနေကြသည်..။
YOU ARE READING
Anything You Want Baby
Fanfiction" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic