ရုံးဆင်းချိန်ကြတော့ ငါသူငယ်ချင်းတွေနဲ့ ကလပ်မှာ
ချိန်ထားတာကြောင့် အမြန်ပြန်ဖို့အတွက်ပြင်နေရသည်..။ ပြီးရင် ပြိုင်ပွဲရှိတာကြောင့် တန်းသွား
ရမှာပင်..။" ဘယ်သွားမလို့လဲ အိမ်ပြန်မှာတော့မဟုတ်ဘူးမလား.."
" ဟီး..ခင်ဗျားကသိသားပဲ ကလပ်သွားဖို့
လိုက်မလား.."ထိုလူ့ကို ငါကလပ်သွားဖို့အတွက် အဖော်စပ်နေမိသည်..။ လူကြီးလူကောင်းဆန်သည့် ထိုလူသည်
အဲ့လိုမျိုး နေရာတွေမသွားဘူးဆိုတာ သိပေမယ့်လည်း အနည်းဆုံးတော့ လိုက်မလားဟု ခေါ်ကြည့်ရမယ်လေ..။" ဘယ်သူတွေပါလဲ.."
" ကျွန်တော့်သူငယ်ချင်းတွေ.."
" ယောင်္ကျားလေးလား မိန်းကလေးလား.."
" အကုန်လုံး.."
" ကမှာလား.."
" ကလပ်ပါဆိုမှ ကရမှာပေါ့.."
" အဲ့တာဆိုလိုက်မယ်.."
အနည်းငယ်တော့ အံ့ဩသွားသည်..။ ကမှာပေါ့လို့
ပြောလိုက်တာနဲ့ လိုက်မယ်တဲ့လေ သဝန်တာလား..။" အဲ့တာဆိုသွားမယ် မြန်မြန်သိမ်း.."
" ဒီတိုင်းသွားရမှာလား.."
နှစ်ယောက်စလုံးက Suitတွေနဲ့ဖြစ်တာကြောင့်
သွားမယ့်နေရာနဲ့က လုံးဝမသင့်တော်နေပါ..။" ရပါတယ် အပေါ်ထပ်ကုတ်ချွတ်လိုက်လေ.."
" အော်..ဟုတ်သားပဲ.."
ပစ္စည်းတွေသွားသိမ်းနေသည့် ထိုလူ့ကို ငါစောင့်နေလိုက်သည်..။ ခေါ်သာခေါ်ရတာ ဟိုရောက်ရင်
သူငယ်ချင်းဖြစ်သူတွေကတော့ သေချာပေါက်
ပြောကြတော့မှာပင်..။ ငါနဲ့မှပဲ ထိုလူပဲ ကလပ်တွေ
ဘားတွေ သွားဖူးတော့မှာပဲ..။" ကျွန်တော့်ကားနဲ့ပဲသွားရအောင် ခင်ဗျားကား
ထားခဲ့လို့ရတယ်မလား ပြီးရင် ပြိုင်ပွဲသွားရမှာမို့လို့.."" ရပါတယ် ဒါပေမယ့် ဖြေးဖြေးမောင်းနော်.."
ထိုစကားကြောင့် ငါရယ်မိလိုက်သည်..။ မနက်ကမှ
ပြိုင်ကားစစီးဖူးတဲ့လူဟာ မောင်းတဲ့အရှိန်ကြောင့်
လန့်သွားပုံရတယ်..။ ဒီတစ်ခါတော့ သနားညှာတာ
သောအားဖြင့် ဖြေးဖြေးမောင်းလိုက်ပါ့မယ်..။
YOU ARE READING
Anything You Want Baby
Fanfiction" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic