အခြားကုမ္ပဏီတစ်ခုနဲ့ အလုပ်ကိစ္စတွေဆွေးနွေးပြီးသည့်နောက်မှာတော့ ငါတို့ပြန်လာခဲ့ကြသည်..။
အခုမှ ပထမရက်ပဲ ရှိသေးပေမယ့် ထိုလူသည်
မညှာမတာအသေခိုင်းပါသည်..။ဟိုဟာလေး ယူပေးပါဦး ၊ ဒီဟာလေးကိုင်ပေးပါဦးနဲ့
မသက်သာလို့သာလုပ်ပေးနေရပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီးကြည်မနေပါ..။" ဘာလုပ်တာလဲ.."
ကုမ္ပဏီမှာမဟုတ်ပဲ ဂျပန်စားသောက်ဆိုင်တစ်ခုမှာ
ကားရပ်လိုက်တာကြောင့် ငါမေးခွန်းထုတ်မိသည်..။" နေ့လည်စာ စားမလို့.."
" ကျွန်တော်က ခင်ဗျားစားတာကို စောင့်ပေးရအုံးမှာလား.."
" ချာတိတ်ပါဝင်စားလေ.."
" ပိုက်..ပိုက်ဆံမရှိဘူး.."
ဟုတ်ပါတယ်..။ ပါးသည် ငါ့ရဲ့ကတ်တွေကို
အကုန်ပိတ်ပစ်လိုက်တာကြောင့် ငါအတော်လေး
ဒုက္ခရောက်နေသည်..။ ရုံးဆင်းရင် သူငယ်ချင်းတွေနဲ့ ကလပ်တက်ဖို့တွေးထားပေမယ့်လည်း ဘယ်က
ပိုက်ဆံနဲ့တက်ရမှန်းမသိပါ..။ပိုက်ဆံမရှိဘူးဟု ချာတိတ်က မျက်နှာငယ်လေးဖြင့ပြောလာသည်..။ ထိုစကားကြောင့် နည်းနည်းခိုးရယ်မိတော့ နဂါးမျက်စောင်းဟာ ချက်ချင်းဆိုသလို
ကျရောက်လာသည်..။" အဲ့တာဆို နေ့လည်စာ ဘာစားမှာလား.."
" ဟို..ခင်ဗျားအခန်းထဲမှာ မုန့်တွေတွေ့တယ်
အဲ့တာ ယူစားလို့ရတယ်မလား.."ထိုအခါ ချာတိတ်က တကယ်ကလေးလေးပဲလို့
တွေးမိသည်..။ နေ့လည်စာကို ဗိုက်ဝတာစားမည့်အစား မုန့်ထုတ်တွေကို စားဖို့တွေးနေလေသည်..။" ယူစားလို့ရပါတယ် ဒါပေမယ့် အခုတော့
ဒီမှာပဲစား ချာတိတ် အလုပ်စဝင်ဝင်ချင်း
ဂုဏ်ပြုတယ်လို့သဘောထားပြီး ကိုယ်ကျွေးပါ့မယ်.."" တကယ်ပြောတာလား.."
ကြည့်ပါလား ချက်ချင်းဆိုသလို ကလေးတစ်ယောက်လိုမျိုး မျက်ဝန်းတွေဟာ လင်းလဲ့သွားသည်..။ အဲ့တာကို ချာတိတ်လို့ခေါ်တော့လဲ မကြိုက်ပါ..။
" အင်းတကယ်.."
ဘာမှမပြောပဲ ချက်ချင်းဆိုသလို ကားထဲက
ဆင်းပြီး ဆိုင်ထဲသို့ ပြေးဝင်သွားလေသည်..။
ကြည့်ရတာ ဗိုက်ဆာနေတယ်ကို မပြောပဲ
အောင့်ထားသည်နှင့် တူပါရဲ့...။
YOU ARE READING
Anything You Want Baby
أدب الهواة" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic