Ep-8

608 73 19
                                    

ဒဏ်ရာတွေနဲ့ကလေးငယ်ကို အလုပ်မလုပ်ခိုင်းတော့ပဲနဲ့ ခဏတဖြုတ်အိပ်ပါစေဆိုပြီးတော့ အိပ်ခန်းထဲမှာ အိပ်ခိုင်းထားရသည်..။ ဒဏ်ရာအရှိန်နဲ့
တော်ကြာ တကယ်ကြီး နေမကောင်းထ‌ဖြစ်နေမှ..။

လောလောဆယ် ဟိုတယ်အသစ်ဆောက်ဖို့အတွက်
အစည်းအဝေးရှိတာကြောင့် သွားရဦးမယ်ပင်..။
ထိုကလေးကိုတော့ မနိုးတော့ပါဘူး အိပ်ပါစေ..။

အစည်းဝေးခန်းထဲရောက်တော့ ကုမ္ပဏီမှာ
ရာထူးကြီးတွေဖြစ်ကြတဲ့ ဒါရိုက်တာတွေ ၊
မန်နေဂျာတွေနဲ့ အကုန်လုံးဟာ ရောက်နေပြီပင်..။

စားပွဲအရှည်ကြီးရဲ့ လွတ်နေတဲ့ အလယ်တည့်တည့်မှာ ငါဝင်ထိုင်လိုက်သည်..။ အစပိုင်းကတော့ အကုန်လုံး အေးဆေးမှာပဲ project နဲ့ပတ်သပ်ပြီးတော့ တင်ပြပြီး အကြံပေးလိုသူတွေကလဲ ပေးကြသည်..။

Project အတွက် လိုအပ်တာတွေကအစ ဘယ်နေရာမျိုးမှာ ဘယ်လိုမျိုးထည့်လိုက်ရင် ကောင်းမလေးဆိုတာကအဆုံး အကုန်လုံး ညီတူညီမျှ အကြံပေးကြသည်..။

" အဲ့တာဆို endလိုက်ကြရအောင် မေးစရာရှိရင်
မေးပါ.."ဟူသည့် ပြောစကားအဆုံးမှာ  ဒါရိုက်တာ
တစ်ယောက်ဟာ လက်ထောင်လာခဲ့သည်..။

" ဟုတ်ကဲ့ပြောပါ.."

" Ceoရဲ့ အတွင်းရေးမှူးဆိုတဲ့တစ်ယောက်က
အွန်လိုင်းပေါ်မှာ နာမည်ပျက်ဖြစ်သွားတော့
Ceoအနေနဲ့ ကုမ္ပဏီအပေါ်မှာ နာမည်ပျက်မှာကို
စိုးရိမ်တဲ့ အနေနဲ့ တစ်ခုခုတော့ အရေးယူသင့်တယ်
ထင်တယ်.."

ထိုအခါ သူသက်ပြင်းချမိလိုက်သည်..။ ထင်တဲ့အတိုင်းပဲ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မေးလာကြမယ်ဆိုတာကိုပေါ့..။

" ဘာမှ အရေးမယူပါဘူး အရေးယူစရာ
အကြောင်းမရှိဘူးလို့လဲထင်ပါတယ် ကျွန်တော်
အဲ့ဒီ ဗီဒီယိုကို တွေ့ပြီးသားပါ ကောင်လေးက
လူငယ်ပီပီနဲ့ ပျော်ပါးတာတွေတော့ ရှိချင်ရှိမှာပဲ
ရန်ဖြစ်တဲ့အကြောင်းအရာလေးကိုပဲ focus
ထားပြီးတင်ထားတဲ့ ဗီဒီယိုတစ်ခုကိုကြည့်ပြီး
သူမှားတယ်လို့ ဆုံးဖြတ်လို့မှမရပဲ ဒီဗီဒီယိုရဲ့
အရှေ့မှာ ဘာဖြစ်ခဲ့လဲဆိုတာ ကာယကံရှင်ဖြစ်တဲ့
သူကလွဲပြီး ဘယ်သူမှမသိနိုင်ဘူးဆိုတာ မှန်တယ်
ကောင်လေးက အဲ့လိုမျိုး ရန်ဖြစ်လေ့ဖြစ်ထရှိတဲ့
အကျင့်စရိတ်မျိုး မဟုတ်ပါဘူး ကလေးပီပီ
အနည်းငယ်ဆိုးယုံကလွဲလို့ ဘာအပြစ်မှမလုပ်ခဲ့ဘူးလို့ ကျွန်တော်ယုံကြည်အတွက် သူ့ကို အလုပ်လဲမထုတ်နိုင်သလို ကုမ္ပဏီနာမည်ပျက်မှာကိုလဲ မကြောက်ပါဘူး..ထပ်ပြီး မေးစရာမရှိတော့ရင်
ဒီမှာပဲ endလိုက်ကြ‌တာပေါ့..ခွင့်ပြုပါဦး.."

Anything You Want Baby Where stories live. Discover now