Ep-2

689 76 10
                                    

အထပ်၁၀၀လောက်အမြင့်ရှိတဲ့ အဆင့်မြင့်
တိုက်ကြီးရှေ့မှာငါရောက်နေသည်..။ ခါးထောက်ပြီးတော့ အပေါ်အားသေသေချာချာမော့ကြည့်ချင်ပေမယ့် မျက်နှာကိုနေကလာထိုးတာကြောင့်
မကြည့်နိုင်ပါ..။

ဒီတိုက်ကြီးကို ဘန်ကောက်ထဲမှာကားပတ်မောင်းရင်
ခဏခဏတွေ့နေကြ‌ဆိုပေမယ့်လည်း အဲ့ဘဲ ကုမ္ပဏီဆိုတာကို ထင်တောင်မထင်ထားပါ..။

အထဲဝင်ဖို့ နည်းနည်းရှိန်နေပေမယ့် သက်ပြင်းချပြီး
ဝင်ပေါက်တည့်တည့်အားလျှောက်သွားလိုက်သည်..။
ငါလဲသူဌေးသားပါပဲ ဘာမှကြောက်စရာမလိုဘူး..။

" Geminiနဲ့တွေ့ချင်လို့.."

ဝတ်ထားတာက cargo pants အပွကြီးကိုမှ
အပေါ်က အင်္ကျီအကြီးကြီးနဲ့ပင် အဲ့တာတင်မကပဲ
လူငယ်ဆန်ဆန် နားကပ်တွေ ဆွဲကြိုးတွေ စသည့်
လက်ဝတ်လက်စားတွေကိုပါ ဝတ်ဆင်ထားသေးသည်..။ ဆံပင်ကလဲ အနီရောင်ဖြစ်တာကြောင့်
ကုမ္ပဏီထဲဝင်လာထဲက အကုန်လုံးက သူ့ကိုဝိုင်းကြည့်နေကြသည်..။

Reception က ကောင်မလေးအချို့ဟာ
သူတို့၏ CEOကို Geminiလို့ ရင်းရင်းနှီးနှီး
ခေါ်လိုက်တာကြောင့် အတော်လေးအံ့အားသင့်နေကြသည်..။ ပုံမှန်ဆို CEOကို ဘယ်သူမှအဲ့လိုမခေါ်ရဲကြပါ..။ ဒီကောင်လေးက ဘာကောင်လေးမို့လို့ပါလဲ..။

" Ceoနဲ့ကြိုချိန်ထားတာရှိလားရှင့်.."

" ဘာလဲဒီတိုင်းတွေ့လို့မရဘူးလား.."

" ဟုတ်ကဲ့ မရပါဘူး.."

" ကားလာယူတာလို့ပြောလိုက် သူသိတယ်.."

" မရလို့ပါရှင့်.."

" ဘာလဲဟ လူနှစ်ယောက်တွေ့တာတောင်
အဲ့လောက်ထိအရေးကြီးလို့လား.."

အဆိုးအဆာလေးသည် ကြာလာတော့ စိတ်မရှည်တော့ပဲ ပြဿနာထရှာပါတော့သည်..။

" လုံခြုံရေးအရမို့လို့ပါ.."

" ငါက မင်တို့Ceoကို သတ်စားမဲ့ရုပ်ပေါက်နေလို့လား.."

" မဟုတ်ပါဘူး.."

" မဟုတ်ရင် သွားခေါ်.."

" မရလို့ပါ.."

" ကောင်းပြီလေ ကိုယ့်နည်းကိုယ်ဟန်နဲ့သွားရတာပေါ့.."

အဆိုးလေးသည် reception ကိုကျော်ဖြတ်ပြီး
ကုမ္ပဏီအတွင်းထဲသို့ဝင်ဖို့လုပ်တော့ reception ကောင်မလေးတွေသည်အသည်းအသန်ထွက်လာပြီး
တားကြသည်..။

Anything You Want Baby Where stories live. Discover now