Ep-9

674 91 30
                                    

ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် Théophile တစ်ယောက် အလွန်တက်ကြွနေသည်..။ ပိတ်ရက်‌ဆိုသည့်အတိုင်း နေဖင်ထိုးတဲ့အချိန်မှ နိုးတော့သည်..။
ဒါကလဲ အိမ်ကို ကူညီနည်းတစ်မျိုးပဲ မဟုတ်လား..
မနက်စာ သက်သာတာပေါ့..။

ပိတ်ရက်ဖြစ်တာကြောင့် ဒီမနက်ဘော်ဒါတွေနဲ့
ကော်ဖီဆိုင်မှာချိန်းထားတာကို သွားဖို့အတွက်
ရေချိုးပြီ ပြင်ဆင်နေပြီလေ..။

မှန်ထဲက ငါ့ပုံရိပ်ကို ပြန်ကြည့်တော့ ရထားသည့်
ဒဏ်ရာတွေတောင် အနည်းငယ်သက်သာနေပြီပင်..။
ငါ့ဟာငါဆို ဆေးလိမ်းဖြစ်မှာမဟုတ်ပေမယ့်
ထိုလူသည် နေ့တိုင်းလိုလို ဆေးလိမ်းဖို့အတွက်
သတိပေးသည်..။

တွေးရင်းနဲ့ ပြုံးလာသည့်မျက်နှာကြောင့်
ငါခေါင်းခါလိုက်ပြီး လုပ်စရာရှိတာဆက်လုပ်သည်..။

အနီရောင်ဆံပင်တွေကို သေချာပုံသွင်းပြီး
Outfits နဲ့လိုက်လောက်မဲ့ လက်ဝတ်လက်စား
တွေကို ရွေးပြီးဝတ်ဆင်လိုက်သည်..။ နောက်ဆုံး
အနေနဲ့ ရေမွှေးလေးဖြန်း ခပ်ကြီးကြီး လယ်သာ
အိတ်ကြီးကို လွယ်ပြီးတာနဲ့ ပြည့်စုံသွားပြီပင်..။

အပြင်သွားရမှာဖြစ်တဲ့အတွက် တစ်အိမ်လုံးမှာ
ငါတစ်ယောက်ထဲမျောက်ကြွ မျောက်ကြွ ဖြစ်နေသည်..။ အောက်ဆင်းလာတော့ ပါးကို မတွေ့သည်နှင့် ဧည့်ခန်းထဲမှာထိုင်နေသည့် မာမီကိုသာ
နှုတ်ဆက်ပြီး ထွက်လာခဲ့သည်..။

ဟိုတစ်ခါ ပြိုင်ပွဲကနေ ရထားသည့် Ferrari
လေးနဲ့အတူ ကော်ဖီဆိုင်သို့ ထွက်လာခဲ့သည်..။
Ferrari လေးနဲ့ ကော်ဖီဆိုင်သွားတာ နည်းနည်းမှ
မလိုက်ဖက်ပေမယ့်လည်း ငါ့မှာ ပြိုင်ကားကလွဲပြီး
တခြားကားအမျိုးအစားမရှိပါ..။

ရလာတဲ့ လစာလေးကိုတော့စုပြီး အခုလိုသွားရင်
စီးဖို့အတွက် တစ်စီးတော့ ဝယ်အုန်းမှပဲ..။

ရှုပ်ထွေးလွန်းသည့် ကားတန်းရှည်ကြီးတွေ
မီးပွိုင့်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့
ချိန်းထားသည့် ကော်ဖီဆိုင်လေးသို့ရောက်လာသည်..။

Luxury ဆိုင်မျိုးဖြစ်တဲ့အတွက် သေးသေးလဲ
မဟုတ်ပဲနဲ့ အကြီးကြီးနဲ့ အကျယ်ကြီးဖြစ်ပြီး
ကားပါကင်လဲ ရှိသေးတာကြောင့် အဆင်ပြေတယ်လို့တော့ ပြောလို့ရသည်..။

Anything You Want Baby Where stories live. Discover now