Ep-15

575 81 15
                                    

ငါအခု ထိုလူနဲ့အတူ သူ့ကွန်ဒိုမှာနေနေတာ တစ်ပတ်နီးပါးလောက်ရှိတော့မယ်ပင်..။ ပါးတို့ကိုပါ ခွင့်တိုင်းကြည့်တော့ နေချင်လည်းနေဆိုတာနဲ့ တရားဝင်
ထိုလူ့ကွန်ဒိုမှာ ပစ္စည်းတွေပါရွေးပြီးတော့ တက်နေလိုက်သည်..။

နေ့တိုင်းလိုလို ထိုလူ့ရဲ့မျက်နှာချောချောလေးကို
မြင်ပြီးတော့ အိပ်ရာထရတဲ့အရသာက ဘာနဲ့မှကို
မလာနိုင်လောက်အောင် ချိုမြိန်လွန်းတယ်မဟုတ်လား..။

အိပ်ရာတူတူဝင် တူတူထ မနက်စာတူတူစား တူတူအလုပ်လုပ် ဘာလုပ်လုပ်အတူတူပဲဖြစ်နေတာကလဲ
ကြည်နူးစရာတစ်ခုပါပဲ..။

အခုလဲ မနက်စာလုပ်ပေးနေသည့် ထိုလူ့ကို
ငါစောင့်နေသည်..။ ထိုလူသည် ဘာလုပ်လုပ်အကုန်
တော်နေသည်...။ အလုပ်လုပ်တာကအစ ဟင်းချက်တာအဆုံစ အပြစ်ပြောစရာမရှိလောက်အောင်
တော်လွန်းသည်..။

အေပရွန်ကိုခါး၌ချည်ထားပြီး မနက်စာလုပ်ပေးနေသည့် ထိုလူ့ရဲ့နောက်ကျောပြင်ကျယ်ကြီးကို
ငါကြည့်မိသည်..။ လူကြီးဆန်သည့် ထိုလူသည်
ငါနဲ့ဆို ပေါ့ပေါ့ပါးပါး ကောင်လေးတစ်ယောက်လိုပဲ
ဖြတ်သန်းနေတာ..။ ဒါကလဲ ထိုလူ့ရဲ့ နောက်ထပ်
ပုံစံတစ်မျိုးလို့ ငါထင်သည်..။

" ရပါပြီဗျာ.."

စားပွဲပေါ်သို့ လာချပေးသည့် ပြင်သစ် toast တွေနဲ့
အအေးတွေ...။ ထိုလူသည် အမြဲတမ်းလိုလို
ကော်ဖီခါးခါးတစ်ခွက်အားသောက်တတ်သည်..။
ငါကတော့ ထုံးစံတိုင်း အအေးမဟုတ်ရင် နွားနို့သာ..။

" ကျွန်တော်လည်း ကော်ဖီသောက်ချင်တယ်.."

" အဲ့တာဆို ကိုယ်တစ်ခွက်ဖျော်ပေးမယ်နော်.."

" ဟင့်အင်း ခင်ဗျားခွက်ပဲသောက်ချင်တာ.."

" ‌ဒါအရမ်းခါးတယ်.."

" အထင်သေးတာပဲ ဝီစကီတောင်သောက်နိုင်သေးတာပဲ ကော်ဖီလောက်ကတော့ အေးဆေး
ကျွန်တော်သောက်ပြမယ်.."

ထိုကလေးသည် သောက်ပြမယ်ဟုဆိုကာ
ဘာမှမရောထားသည့် black coffee ခွက်ကို
အဆိုးလေးက ယူသွားသည်..။

ပါးစပ်ထဲသို့ဝင်ရောက်လာသည့် ခါးသက်သက်ကော်ဖီကြောင့် ငါမျက်နှာရှုံ့မဲ့သွားလေသည်..။
ထွေးထုတ်ချင်ပေမယ့်လည်း ထိုလူကကြည့်နေတာကြောင့် အောင့်သီးပြီးတော့ မျိုချလိုက်သည်..။

Anything You Want Baby Where stories live. Discover now