Chapter 130
နတ်ဆိုးမြို့တော်၏ဘေးပတ်ပတ်လည်တွင် လျှို့ဝှက်နယ်ပယ်များစွာရှိသည်။ လင်ယဲ့က မြို့အရှေ့ပိုင်းရှိ လျှို့ဝှက်နယ်ပယ်များတွင် ရှာဖွေနေ၍ ရှန်းလျိုရှန့်က မြို့အနောက်ပိုင်းတွင် ရှာနေသည်။ လျှို့ဝှက်နယ်ပယ်များကိုဖြတ်သန်း ခရီးသွားလာရခြင်းက မလွယ်ကူလှပေ။ လျှို့ဝှက်နယ်ပယ်တစ်ခုစီတိုင်းတွင် အန္တရာယ်များဖြင့်ပြည့်နေသော လောကငယ်တစ်ခုစီ ရှိနေသည်။
ရှန်းလျိုရှန့်က လျှို့ဝှက်နယ်ပယ်များထဲ သွားလာနေစဉ် ရေခဲများက ခြေထောက်အထိပါနစ်နေသည့် နေရာများကို ဖြတ်သန်းသွားရပြီး နောက်ခဏတွင်းချင်း ချော်ရည်များ စီးကျမတတ်ဖြစ်နေသည့် နေရာများကိုလည်း ရောက်ရှိသွားတတ်ပေသည်။
သူ မအိပ်မနေဖြင့် သုံးရက်တိုင်အောင် ရှာဖွေခဲ့ပြီး လျှို့ဝှက်နယ်ပယ်ခုနစ်ခုသို့ ရောက်ရှိခဲ့သော်လည်း နတ်ဆိုးသားရဲ၏ အရိပ်အယောင်တစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။ ရှစ်ခုမြောက်နယ်ပယ်ထဲသို့ ဝင်ရောက်မည့်အချိန်တွင် သူ့လက်မောင်းကို လှမ်းဆွဲခံလိုက်ရသည်။
ကျိုးရွှမ်လန် : " ရှစ်စွမ်း အနားယူသင့်နေပြီ..."
ရှန်းလျိုရှန့်က သူ့ဝတ်ရုံလက်ပေါ်မှ မိုးမခရွက်များကို ခါချလိုက်ပြီးနောက် လျှို့ဝှက်နယ်ပယ်ကို သူ့စိတ်စွမ်းအင်ဖြင့် လေ့လာနေသည်။
" ရပါတယ် ငါ မပင်ပန်းဘူး..."ရှုရှင်းချန်ထံမှ သူ သတင်းများရရှိထားခဲ့သည်။ ရှုရှင်းချန်က ကျင့်ကြံဆင့်မြင့်နေသည့် ဆရာသခင်သုံးယောက်ထံသို့သွားပြီး ကောင်းကင်ဘုံသို့တက်ခြင်းအကြောင်း မေးမြန်းခဲ့ပြီး နတ်ဆိုးသားရဲ၏မွေးဖွားမှုကို ကြုံတွေ့ခဲ့ဖူးသော လူအုပ်စုကိုလည်း ရှာတွေ့ခဲ့သည်။ အကြိမ်ပေါင်းများစွာ စစ်ဆေးအတည်ပြုပြီးသည့်နောက်တွင် ဟမ်ကျု့ယင်ပြောသည့်အကြောင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းက မှန်ကန်နေခဲ့ကြောင်း သိလိုက်ရသည်။ သို့ရာတွင် တိယွင်ယွီက ယခုလက်ရှိအချိန်၌ မည်သည့်ကျင့်ကြံဆင့်တွင် ရှိနေကြောင်းကို
တစ်ယောက်မှ မသိကြပေ။
