Unicode
မိန်းမတစ်ယောက်က သွေးမတော်သားမစပ်တဲ့အခြားမိန်းမတစ်ယောက်ကို ဘယ်လောက်ထိများ လွှမ်းမိုးနိုင်လေသလဲ။ဘယ်အတိုင်းအတာထိ မေတ္တာဓာတ်တွေနဲ့ချုပ်ကိုင်ထားနိုင်လေသလဲ။သံယောဇဉ်ကြိုးတွေနဲ့မြဲမြံအောင်ချည်နှောင်ထားနိုင်လေသလဲ။
သေချာသည်က ဧကရီဆိုသည့် အမျိုးသမီးငယ်သည် ကြွယ့်ဘဝကိုအတော်လေးလွှမ်းမိုးနိုင်ကာ အလင်းပေးနိုင်လေသည်။အဖော်မဲ့အထီးကျန်ခဲ့တဲ့ဘဝထဲကို တိုးဝင်လာသည့် ပိုးစုန်းကြူးကလေး...။လပြည့်ညရဲ့လမင်းကလေးဆိုရင်လည်း မည်သို့မှမှားမည်မဟုတ်။"ရီ"
အနီးကပ်မြင်နေရတဲ့ မြတ်နိုးရသူရဲ့မျက်နှာကလေး...။မီးရောင်အောက်မှာမို့နဂိုထက် ဖြူနုနေတဲ့ပါးပြင်ကလေး...။မျက်စိရှေ့မှာလှချင်တိုင်းလှနေတဲ့ အမျိုးသမီးငယ်လေးကို ကြွယ်ချစ်လို့ပင်မဝ။
"တကယ်ချစ်စရာကောင်းတာပဲ"
"အယ် ရီချစ်ဖို့ကောင်းတာအခုမှသိတာလား"
"ဟင့်အင်း ဟိုးကတည်းကသိတာ။အခုတော့ပိုသိသွားပြီ။တို့ကလေးလေးကသိပ်ချစ်ဖို့ကောင်းတယ်ဆိုတာ"
"မမကွာ ရီရင်ခုန်သံတွေမြန်လာပြီ"
"ဟုတ်လား တို့နားထောင်ကြည့်ဦးမယ်"
ဧကရီ့ဝဲဘက်ရင်အုံနားကိုကပ်ကာ အသေအချာနားထောင်နေသည့် ကြွယ့်ပုံစံသည် အလုပ်ထဲ၌ မြင်ရသည့်ပုံစံနဲ့တစ်စက်ကလေးမှပင်မတူ။အချစ်နဲ့တစ်ဖန်ထိတွေ့လိုက်လို့ ပိုပြီးနုပျိုလာသလိုပင်။
"ဟုတ်သားပဲ။တို့ကလေးလေးရင်ခုန်သံတွေမြန်နေတာပဲ"
"အဲ့ဒါမမကြောင့်ပေါ့"
"တို့ကြောက်ရင်တို့ဘာပြန်လုပ်ပေးရမလဲကလေးငယ်"
"ရီ့ကိုနမ်းပေးမလားဟင်"
"အို နမ်းမှာပေါ့။တို့ကလေးကိုမနမ်းလို့ ဘယ်သူ့ကိုနမ်းရမှာလဲ"
"မမနော်။ရီကလွဲရင်ဘယ်သူ့ကိုမှမနမ်းရပါဘူး"
"စကားအဖြစ်ပြောတာပါ။တကယ်မနမ်းပါဘူးရီရဲ့။သဝန်တိုတတ်လိုက်တာ"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)