Jumping on the Cloud ☁️
EP 1" ဂျောင်ကုကြီး ဟိုမှာ!!.."
" ချီးးး.. ကြက်ဂွေးဥလိုပဲ.."
ဂျောင်ကု ဆေးလိပ်ကို ဖိနပ်အောက်ချနင်းကာ ရှေ့ကပြေးသွားတဲ့ ကောင်တွေနောက် တရောသောပါး ပြေးလိုက်ရတော့သည်..
နှစ်ရှိုက်သာ ဖွာရသေးတဲ့ ဆေးလိပ်က အသက်မပြည့်သေးလို့ ဝယ်ရခက်တဲ့ သူ့အတွက်တော့ တကယ်နမျှောစရာ..
တစ်အုပ်လုံး ခွေးပြေးဝက်ပြေး ပြေးရင်း လမ်းကြားထဲကအထွက်..
ကျွီ!!!..ဒိန်း!!!..
သေပြီ!!.. သွားပြီ!!..
သူ့ဘဝက ဒီမှာ တကယ်ဆုံးပြီလား?..
ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး နားထဲမှာ သူယောင်ရမ်းဖိမိထားတဲ့ ကားဟွန်းသံက တစ်စီစီ..
မျက်လုံးတွေက ပြာထွက်သွားတာ မြင်ကွင်းရှေ့က ဘာဆို ဘာကိုမှ မမြင်ရတော့..
ရည်းစားကလက်ထပ်ပွဲမှာ ထားပြေးလို့ အရှက်တကွဲ အကျိုးနည်းတွေဖြစ် နှစ်ဖက်မိဘနဲ့ ဆွေမျိုးအသိုင်းဝိုင်းတွေကြား တစ်ယောက်ထဲ ဖြေရှင်းရင်းနဲ့ အသည်းကွဲချိန်တောင် မရှိဘူး အလုပ်က တာဝန်လွဲပြောင်းကြောင်း ရောက်လာတာကြောင့် ဘူဆန်ရောက်လာပါတယ််ဆိုမှ လူသတ်မူတော့ မြောက်ပြီ ထင်ပါရဲ့..
သူဆင်ခြေလျှောကုန်းဆင်းလေးအတိုင်း မောင်းလာတုန်း လမ်းကြိုလမ်းကြားထဲက ထိုကောင်လေးထွက်လာတာလေ..
သူ့အမှားချည်းပဲတော့ မဟုတ်ဘူးမလား?..
တစ်ယောက်ယောက် အမြန်ဖြေပေးကြပါအုံး..
ဆော့ဂျင် ကားတံခါးမဖွင့်ရဲဲသေးပဲ သူ့ကားရှေ့မှာ နှစ်ပတ်လောက်လှိမ့်ပြီး ပစ်လဲသွားတဲ့ကောင်လေးကို အသိစိတ်မကပ်စွာ ကြောင်ကြည့်နေတုန်းမှာပဲ..
သူ့ကားနားကို ကျောင်းသားဝတ်စုံနဲ့ ကလေးတွေ အုပ်စုလိုက်ကြီးရောက်ချလာသည်..
" ဟျောင့်် နောက်မှ သေ! ထ!!.."
" ဟိုမှာ မင်းအမေလင်တွေ လိုက်လာနေပြီ!.."
ကျောင်းသားအုပ်စုလိုက်ကြီးက တရားခံဖြစ်တဲ့ သူ့ကို အာရုံတောင် မရောက်ကြဘဲ သူတိုက်မိသွားလို့ ကတ္တရာပေါ် ပစ်ကျနေတဲ့ ကောင်လေးကို တွဲကာ ထွက်ပြေးသွားကြသည်..