Jumping on the Cloud ☁️
EP 2" ဒါက ဘယ်ကပြန်လာတာလဲ?.."
" ဟ့ ကျောင်းသားပဲ ကျောင်းကပြန်လာတာပေါ့.."
အိမ်ထဲဝင်ဝင်ချင်းမှာပဲ အပေါက်ဝကနေ ဟောက်သံနဲ့ စီးကြိုနေတဲ့ အဖေ့ကြောင့် ဂျောင်ဂု ဒူးလောက်ထိ ခေါက်တင်ထားတဲ့ ဘောင်းဘီကို ဖုတ်ဖဲ့ခါလိုက်ရင်း ရွှံ့တွေပေကျန်လာတဲ့ ဖိနပ်ကိုလည်း ကန်ချွတ်ချကာ ငေါက်တူးတူးပြန်ဖြေပေးလိုက်သည်..
တကယ်တော့ သူတို့ တစ်ဖွဲ့လုံး ဆေးလိပ်ခိုးမရလို့ စိတ်ညစ်ညစ်နဲ့ ကမ်းခြေမှာ ဘောလုံးသွားကန်ထားကြတာ ဖြစ်တယ်..
လူကြီးတွေက လူငယ်တွေရဲ့ လွတ်လပ်ရေးကို တကယ် ချိုးဖောက်ချင်နေကြတာပဲ.. သိပ်အရေးလုပ် လွန်းနေတာ မဟုတ်ဘူးလား?..
" အဲ့ ပေတလူးခါနေအောင် ကမြင်းလာတဲ့ ခြေထောက်နဲ့ ငါ့ကော်ဇောတွေကို နင်းမယ် မကြံနဲ့!!.."
လွယ်အိတ်ကို ဖိနပ်စင်ပေါ်တင်လို့ အိမ်ထဲ ခြေလှမ်းရုံရှိသေးတဲ့ ဂျောင်ဂု ကို ကြည့်ရင်း ပြောချလိုက်တဲ့ သူ့အဖေစကားကြောင့် ဂျောင်ဂုမျက်စောင်းတို့က မျက်မှောင်တွေကြုံ့ပြီး ခါးကြီးထောက်နေတဲ့ သူ့အဖေဆီ ဒိုင််းခနဲ့..
" အ့ဆို ကင်းမြှီးကောက်ထောင်သွားရမှာလား ဒီလို.."
" ဟာ ဟေ့ကောင်.. ဟေ့.."
JungKook အမြင်ကပ်ကပ်နဲ့ ခန္ဓာကိုယ်ကို ဇောက်ထိုးလုပ်ပစ်ကာ လက်တွေကို ကြမ်းပြင်မှာထောက်ရင်း ခြေထောက်တွေကို လေပေါ် ဝဲခါပစ်လိုက်သည်..
ကျောင်းမှာ အပြစ်ပေးခံရလွန်းလို့ ကင်းမြှီးကောက်ဘုရင်တောင် ဖြစ်တော့မယ့်သူက ဒီလိုအကွက်တွေအတွက် အသာလေးပဲ..
" ရား.. ဘယ်လိုဖြစ်နေကြတာလဲ?.. သား ဂျောင်ဂု ဘယ်လိုကြီးလုပ်နေတာလဲ?.. သေကုန်တော့မှာပဲ.. နင့်ခြေထောက်တွေကို အောက်ကိုချစမ်းပါ.."
အမေက မီးဖိုးခန်းထဲက ပြေးလာပြီး ဇောက်ထိုးဖြစ်နေတဲ့သူ့ကို ဆွဲလည်း မဆွဲရဲ တွန်းလည်း မတွန်းချရဲ..
ပြုတ်ကျမှာစိုးလို့ အဖေ့ကို ကူချပေးဖို့ ပြောလိုက် သူ့ကိုယ်ထည်ကြီးကို လာဖက်လိုက်နှင့် ယောက်ယက်ခတ်ကာ အော်ဟစ်သာ နေတော့သည်..