21 ☁️

514 134 51
                                    

Jumping on the Cloud ☁️
EP 21

မြန်ဆန်လွန်းတဲ့ လျှပ်တစ်ပြတ်အထိအတွေ့ကြောင့် ဆော့ဂျင် ဦးနှောက်က ခတ္တခဏ ရပ်တန့် သွားသလို..

အောင့်တက်သွားတဲ့ နှာနုရိုးရဲ့ ခပ်ပြင်းပြင်းအရှိန်ကြောင့် သူ မျက်လုံးကိုသာ စုံမှိတ်ထားမိလိုက်တော့တာ.. အသက်ရှုတွေ ကျပ်သည်ထိ သူ အတင်းချုပ်နမ်းခံနေတာ ကားထဲမှာ..

သူ့နှုတ်ခမ်းပေါ်က ခပ်နွေးနွေးအထိတွေ့ကနေ ပါးပြင်နဲ့ နားသယ်စပ်တွေထိ လျှာနဲ့ လျှက်ချလာတာကြောင့် သူ ဂျောင်ဂု ရင်ဘတ်တွေကို တွန်းဖယ်လို့ အတင်းရုန်းကန်းရင်း နားလည်လာတာက ဓားတွေကိုင်တဲ့လက်တွေက အလေးတုံးတွေလည်း ကိုင်ခဲ့သင့်တယ်ဆိုတာ..

ပြွတ်စ်! ပြတ်ပ်!

အငမ်းမရ အတင်းစုပ်ယူနမ်းနေတဲ့ ဂျောင်ဂု အနမ်းတွေကို ရှောင်ဖယ်ဖို့ ကြိုးစားလေ သူ့ခန္ဓာကိုယ်က ဂျောင်ဂုရင်ခွင်ထဲ ပိုပိုရောက်သွားလေပဲ..

သူ့ကျောပြင်တွေကို အတင်းဖိညှစ်ကိုင်ထားတဲ့ ဂျောင်ဂုလက်တွေက သူ့ခါးတစ်လျှောက် ထပ်မံ ပွတ်သပ်ကိုင်တွယ်လာပြီး ကားခါးပတ်ကြိုးကို ဖြုတ်လိုက်သည်ထိ သူ ဒီကောင်လေးထံက မရုန်းန်ိုင်သေး..

" အင့် လွှတ် ဂျောင်ဂု.. မင်း!.. အွတ်!.."

သူ့တစ်ကိုယ်လုံးကို ပွေ့ချီလို့ လူပေါ် ဆွဲတင်လိုက်တာကြောင့် ဆော့ဂျင် လန့်သွားရရင်း နီးစပ်ရာ ဂျောင်ဂုရဲ့ ပုခုံးတွေကို အတင်းထုရိုက်တော့သည်..

ဘယ်တုန်းကမှ သူ့ကိုယ်သူ ဘယ်တော့မှ အလိုမကျ မချင့်မရဲ မဖြစ်ဖူးခဲ့.. အခုချိန်မှာတော့ အထက်တန်းကျောင်းသားနဲ့တောင် မယှဉ်န်ိုင်တဲ့ သူ့ကိုယ်သူ ပထမဦးဆုံးအကြိမ် သိပ်စိတ်ပျက်သွားမိသည်..

" အ့!.."

အောက်နှုတ်ခမ်းတွေကို စိတ်ကြိုက်ကိုက်ဆွဲနေပြီး အားမရစွာ အတင်းဝင်ရောက် မွှေပတ်နေသော အိစိစိ လျှာပြားကြောင့် သူ့ရင်တွေ တစ်ဒုန်းဒုန်း ခုန်သွားရသည်ထိ..

သူ ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးချေ.. ပြီးတော့ သူပေါင်အောက်က ခပ်မာတောင့်တောင့် အရာကို ခံစားမိနေတာကြောင့် ဂျောင်ဂုရဲ့ နှာဘူးကျမူကို ပိုပြီး ထိတ်လန့်လာမိတော့သည်..

Jumping on the Cloud☁️Where stories live. Discover now