Jumping on the Cloud ☁️
EP 22သူ ဆော့ဂျွန်းတို့ ဆိုင်ကယ်ကွင်းကို ကန်ထရိုက်ဆွဲထားတယ်..
ကြိုက်တဲ့သူ လဲ.. ဂျွန်းပြန်အောင်လဲ.. မထနိုင်အောင်ထိ လဲလေ သူပိုကျေနပ်လေပဲ..
ဒဏ်ရာရတဲ့သူတွေကို ဆေးရုံလိုက်ပို့ရင်း အာကျူးရှီးကို တွေ့လိုတွေ့ငြား တောင်ကြည့်မြောက်ကြည့်နဲ့ လိုက်ရှာရတာလည်း ဇက်သာကျိုးတော့မယ့် အရိပ်အယောင်တောင် မတွေ့..
ဖုန်းဆက်တော့လည်း မကိုင်.. နှစ်မိနစ်ခြား တစ်ခါခေါ်နေတာကြောင့် ဘလော့သွားသည်ထင်..
အိမ်ရှေ့ထိ သွားစောင့်တော့လည်း ရဲခေါ်ပြီး ဆွဲထုတ်ခိုင်းတော့ သူဘယ်လိုနည်းလမ်းနဲ့ အာကျူးရှီးအနားကို ကပ်ရမလဲဆိုတာ တကယ်မသိတော့ဘူး..
" ဂျောင်ကြီး!! ဆော့ဂျွန်း အထိုးခံရလို့တဲ့!!.."
အပြေးအလွှားနဲ့ ရောက်လာပြီး ပြောတဲ့ ဘန်ဘန်းကြောင့် တံတွေးတွေတောင် စင်ကုန်သည်..
" အဲ့တာ အွန်နူးသွားပြောလေ.. ငါက ဟန်ဆော့ဂျွန်းလင်လား?.."
ဒုန်းခနဲ့ အသံနဲ့အတူ စားပွဲက ထ,ပြေးသွားတဲ့ အွန်နူးနောက် ဂျေဟျွန်းနဲ့ မင်ဂရူက တစ်ရောသောပါး လိုက်သွားသည်..
ဟင် ဒါဆို.. သူရောလိုက်ရမှာလား?..
ရန် မဖြစ်ချင်ပါဘူးဆို.. သူများစောက်လုပ်ကို ကိုယ့်စောက်လုပ် လုပ်နေကြသည့် ကောင်တွေကို အော်ဆဲချင်ပေမယ့် သူလည်း စိတ်ညစ်ညစ်နဲ့ ဟိုဘက်ခန်းကို ပြေးရတော့သည်..
အဖွဲ့လိုက် သောင်းကျန်းတတ်သည့် ကျောင်းအုပ်သားနဲ့ ငြိတဲ့ ဟန်ဆော့ဂျွန်းက ကြမ်းပြင်မှာ အတုန်းအရုန်းလဲနေသည်.. အတန်းသားတွေကလည်း တားဖို့နေနေသာသာ တစ် ဝိုးဝိုးနဲ့ အော်ဟစ်နေကြတာ..
ခုနောက်ပိုင်း ဆော့ဂျွန်းက သူတို့နဲ့သာ ပေါင်းတော့တာမို့ အရင်က ဆော့ဂျွန်းနောက်လိုက်ဖြစ်ခဲ့တဲ့ ကောင်တွေက အခုတော့ ကျောင်းအုပ်သားနောက်မှာ တန်းစီလို့..
ဆော့ဂျွန်းရဲ့လက်သီးစာမိထားပုံရတဲ့ ကျောင်းအုပ်သားက နှာခေါင်းက သွေးထွက်နေပေမယ့် နောက်လိုက် တစ်အုပ်ကြောင့် အသားစီးရနေတာမို့ သူ့လူတွေကို ဆော့ဂျွန်းကို ဝိုင်းကန်ခိုင်းထားကြတာ..