Jumping on the Cloud ☁️
EP 10ဒီအထပ်မြင့်ဆေးရုံက ဘူဆန်တစ်မြို့လုံးတင်မကဘူး ဆိပ်ကမ်းက သဘော်ဆီက မီးလင်းလင်းတွေထိပါ မြင်နိုင်စွမ်းရှိတဲ့ထိ မြင့်တာဖြစ်တယ်..
ပြင်သစ်မှန်ပြတင်းတွေဖြစ်တာကြောင့် ကြမ်းပြင်ကနေ မျက်နှာကျက်ထိ ကာရံထားတဲ့ မှန်နံရံတွေနား တစ်ချို့က မကပ်ရဲကြဘူး..
သူတို့နှစ်ယောက်လုံး ကော်ဖီခွက် ကိုယ်စီကိုင်ထားကြပေမယ့် ဘယ်သူကမှ ကော်ဖီကို မသောက်မိကြသေးဘူး..
အပူငွေ့ပျောက်အောင်ထိ စောင့်နေတာမျိုး မဟုတ်ဘဲ ပြောရမယ့် စကားလုံး ပျောက်နေကြတာ..
" အဆင်ပြေရဲ့လား?.."
ဒီနေရာမှာ သူက ဘယ်လို ပြန်ပြောရမှန်း အတိကျတော့ မသိပေမယ့်.. တစ်ဖက်လူကို အားနာစိတ်လည်း မဝင်စေချင်ဘူး.. သူကိုယ်တိုင်ကလည်း မျှော်လင့်နေသေးတယ်ဆိုတာမျိုး မမြင်စေချင်ဘူး..
သူ့မှာ သူမနဲ့ပတ်သတ်ရင် စိတ်မကောင်းတာကလွဲလို့ ဘာစိတ်မှ မရှိတော့ဘူး.. အဲ့ဒီ စိတ်မကောင်းဘူးဆိုတာကလည်း သူနဲ့ လွဲသွားလို့ မဟုတ်ဘဲ အရေးမပါတဲ့လူကို အဖတ်လုပ်ပြီး တွဲခဲ့မိတဲ့ သူ့အချိန်တွေ အတွက်..
" ဆိုးလ်မှာထက်တော့ အကုန်ကောင်းပါတယ်.."
သူ့အဖြေက ချိန်ခွင်လျှာလိုပါပဲ.. ညီညီမျှမျှ ဖြေပေးလိုက်တဲ့အဖြေမို့ မျက်ခုံးတွန့်ကွေးသွားတဲ့ အကြည့်တစ်ခုကို သူပြန်ရလိုက်တယ်..
သေချာကြည့်မှ သူမက အရင်ကထက် နည်းနည်းပိုရုပ်ရင့်သွားသလိုပဲ..
သူမက ပျက်ယွင်းသွားတဲ့ မျက်နှာကို ချက်ခြင်းပြန်ပြင်လိုက်ရင်း ဟန်ဆောင်ပန်ဆောင် ပြုံးလို့ပြတယ်..
အဲ့လို ပြုံးလ်ိုက်လို့လည်း သူမ ပိုလှ မသွားဘူး..
" ထင်ပါတယ်.. ဂျင် အဆင်ပြေပြေ ဖြတ်သန်းနေမယ်ဆိုတာ~"
တဆ်ိတ်?.. သူမ အသံမှာ ဘာလို့ ဝမ်းနည်းရိပ်တွေ ပါနေတာလဲ?..
အပြစ်ရှိတဲ့လူက ပြန်ပြီး အသနားခံပြနေတာက မဟုတ်သေးဘူးလားလို့?..
ထားတုန်းက ထားခဲ့ပြီးတော့မှ အခု သူအဆင်ပြေနေတာမြင်တော့ မကြည်ဖြူနေတာလား?..