Jumping on the Cloud ☁️
EP 12အွန်နူးပါးစပ်မှာ တပ်ထားတဲ့ ဆေးလိပ်က အံ့သြမူကြောင့် မီးခြစ် မခြစ်ရသေးခင်မှာပဲ အောက်ကို ဖတ်ခနဲ့ ပြုတ်ကျသွားတယ်..
ကျောင်းမှာ အပြစ်ပေးခံရတာမပြောနဲ့ သူ့အဖေ ကြက်မွှေးနဲ့ ခါးကော့နေအောင် ရိုက်ရင်တောင် စပ်ဖြီးဖြီးအခွက်နဲ့ မျက်ရည်တစ်စက်မှမကျတဲ့ကောင်က သေးတွေ ထွက်ကုန်တာလား?..
ဒုက္ခပါပဲ.. အဲ့ကောင်ငိုနေတာ အကြောင်းမဟုတ်..
သူကြားဖူးတာ ဘာမျက်ရည် ဘယ်မကျကောင်းဘူး ဆိုလား?..အဲ့လိုနဲ့ ဆန်၊ ရေ၊ စပါးတွေ ရှားကုန်ရင် ဘယ်လိုလုပ်မလဲ?..
မဖြစ်ဖူးတာတွေ ဖြစ်နေတော့ လန့်လန့်နဲ့ သွားတားလိုက်ရသည်.. ငိုနေတဲ့ ဂျောင်ကြီး မျက်နှာကြီး ဆွဲမော့လိုက်တော့ နှာချေးတွေပါ အတောင့်လိုက်ထွက်နေပြီ..
" ဟျောင့် မငိုနဲ့လေ.."
" အေးလေ မင်းငိုတော့ ငါတို့က ရယ်ချင်- အဲ.. လိုက်ငိုချင်တာပေါ့ကွ.."
ရှိုက်သံတွေပါ ထွက်ပြီး တစ်အင့်အင့်ဖြစ်နေရှာတဲ့ ဂျောင်ဂုမှာ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်နဲ့..
အားလုံး အစကတော့ ဝါးလုံးကွဲအောင် လှောင်နေကြသေးပေမယ့် အတော်နဲ့ အငိုမတိတ်တဲ့ သူတို့သူငယ်ချင်းအဖြစ်ကို မြင်လိုက်ရတဲ့အချိန်မှာ ကြိတ်ပြီးတော့သာ ရယ်နိုင်တော့သည်..
...
ဆော့ဂျင် တာဝန်ချိန်ပြီးတာနဲ့ ဟိုငတိလေး ကိစ္စရှင်းရန် ဖုန်းခေါ်လိုက်သည်.. သူ့ဖုန်းမျက်နှာပြင်မှာ မှတ်သွားတဲ့ အမည်ပြောင်ကြောင့် မျက်လုံးအစုံဟာ ပြူးခနဲ့..
#ကိုယ့်ရဲ့ ကလေးလေး#
သူက?? အဲ့ချာတိတ်ကို??.. ကိုယ့်ရဲ့ ကလေးလေးလို့ ခေါ်ရမယ်ပေါ့??.
ဘုရားစူးအမှန်! ဆော့ဂျင်ဘဝမှာ ရည်းစားထားဖူးပြီး ချစ်သူသက်တမ်းတစ်လျှောက်ရော အိမ်ထောင်တောင် ပြုမယ့်ဆဲဆဲထိရော ထိုသို့ အမည်နာမ မည်သူ့ကိုမှ မပေးမှဲ့ခဲ့ဖူးချေ..
ဆယ့်ခြောက် ဆယ့်ခွန် အရွယ်လေးတွေက သစ်ရွက်လှုပ်တောင် ရင်ခုန်တတ်တဲ့ မြှီးကောင်ပေါက် အရွယ်လေးတွေ ဆိုတော့လည်း သူက ဘာတတ်နိုင်မှာမို့လဲ?..