Jumping on the Cloud ☁️
EP 4" တစ်ဆိတ်လောက် မီးခြစ်လေး ဌားလို့ရမလားဗျ?.."
ခင်များ!- ?
ပုခုံးပေါ်ကို ရောက်လာတဲ့ ဂဏန်းလက််မနဲ့အတူ နောက်ပါးဆီက အသံကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်တော့ မီးခြစ် ခြစ်နေတဲ့ လက်က လေမှာ ရပ်သွားပြီး.. နှုတ်ခမ်းကြား ခဲထားတဲ့ ဆေးလိပ်က အောက်ပြုတ်ကျလို့ သွားသည်..
" အို့ ပြုတ်ကျသွားပြီရော.. ကျနော် တို့ လိုက်လို့ လန့်သွားတယ် ထင််တယ်.. တောင််းပန်ပါတယ်.."
ဟို ဘိုးတော်???..
ဂျောင်ဂုက စာသာ မမှတ်နိုင်တာ ကျန်တဲ့နေရာမှာ မှတ်သားနိုင်စွမ်းကတော့ အတော်ထူးသည်..
ပြီးတော့ နေ့လည်ကမှ လောလောလတ်လတ် သူ့ကို ကားနဲ့ တက်ကြိတ်ထားတဲ့ ဒီလူကို သူက မေ့စရာလား??..
တွေးရင်းနဲ့တောင် ဒူးက အနာက စပ်လာသလိုပဲ.. ဒူးလေး တစ်ချက််ပွတ်ရင်း ယောင်လည်လည်နဲ့ မြက်ခင်းပေါ်ကျသွားတဲ့ သူ့ဆေးလိပ်လေးကို ပြန်ကောက်လိုက်သည်..
ချီးပဲ!!.. ဝယ်ရခက်ပါတယ်ဆိုမှ.. အဖေမသိအောင် ခုတင်အောက် ဖွက်ထားတဲ့ နောက်ဆုံးလက်ကျန်ဆေးလိပ််လေး.. ဘယ်လောက် အဖိုးတန်လိုက်သလဲ?..
" ရတယ်.. လွှတ်ပစ်တာမှ မဟုတ်တာ.. မတော်တဆကျသွားတာ ဆိုတော့ ပြန်ကောက်သောက်လို့ရတယ်.."
ပြောပြောဆိုဆိုနဲ့ မြေကြီးပေါ်ကျနေတဲ့ ဆေးလိပ်ကို ပါးစပ်ထဲ ပြန်ထည့်ချလိုက်တဲ့ ရှေ့က လူငယ်လေးကြောင့် ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဆော့ဂျင်ခမျာ လည်နင်သွားရှာသည်..
မသန့်ဘူးလေလို့ ပြောလိုက်ချင်ပေမယ့် မီးညှိပြီး အငွေ့တောင် ရှိုက်လိုက်ပြီဖြစ်တာကြောင့် သတိပေးမယ့် စကားလုံးလေးတွေက ပျောက်ရှ..
" မီးခြစ် ယူလေ.."
" ကျေးဇူး.."
ထိုကောင်ငယ်လေး ကြည့်ရတာ ဆေးကျောင်းသားလေးဖြစ််ဖို့များသည်.. ဆေးသုတေသနစစ်တမ်းကောက်ပွဲ လာတာထင်တယ်..
ဥပတိရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့်လေးနဲ့ လူရည်မွန်လေး ဖြစ်တာကြောင့် ဆော့ဂျင် ပြုံးပြလိုက်ရင်း မီးခြစ်ကို ခပ်သွက်သွက်သုံးကာ ပြန်ပေးလိုက်တော့သည်..