5 ☁️

655 148 20
                                    

Jumping on the Cloud ☁️
EP 5

ဆိုးလ်အူကို ပြန်ခါနီး ရှင်းဟွာက အလုပ်တွေရှုပ်နေတဲ့ကြားကနေတောင် သူ့ကို ဧည့်ခံဖို့ စဉ်းစားပေးတာမိုလို့ သူ အားနာနာနဲ့ပဲ စေတနာတွေကို လက်ခံလိုက်ရတယ်..

အခုသူက ရှင်းဟွာရဲ့ အမေ တော့ပိုကီဆိုင်မှာ ရောက်နေတာ.. ကျောင်းနားမှာမလို့ တော်တော်လေးအရောင်းသွက်ပြီး အရသာလည်း အရမ်းကောင်းတယ်..

" ဆော့ဂျင် ရော့ ဝက်ဂုတ်သားအချိုကြော်လေးနဲ့ တွဲစား.."

" အိုး ကျေးဇူး.. တကယ် အရမ်းစားလို့ကောင်းတယ်.. ငါ ဒီမှာ အမြဲလာစားဖြစ်တော့မယ် ထင်တယ်.."

" ဟဟား.. ငါ့အမေတော့ ပျော်နေတော့မှာပဲ.."

သူတို့ စကားပြောနေစဉ် ဝရုန်းသုန်းကားနဲ့ အုန်းအုန်းဒိုင်းဒိုင်း ဝင်လာတဲ့ ကျောင်းသားတစ်စုကြောင့် လန့်သွားပြီး သူတို့ အကြည့်တွေက တံခါးဝသို့ ရောက်သွားသည်..

" အို့!!.."

" ဟာ ဂျောင်ကြီး မင်းကို ကားနဲ့ တိုက်သွားတဲ့ လူ!!.."

ဘန်ဘန်းက သူ မတားလိုက်နိုင်ခင်မှာဘဲ လက်ညိုးကြီးထိုးပြီး ဆိုင်ထဲ ပြေးဝင်သွားတယ်.. ဘေးက မင်ဂရူကလည်း ဇက်တွေ အကြောဖြေလို့ လက်ဆစ်တွေ ချိုးနေပြီ..

သူ အွန်နူးလက်မောင်းကို ဆွဲလိုက်သေးပေမယ့် ဂျေဟျွန်းက လျှင်လျှင်မြန်မြန်ပဲ ဘိုးတော်စားပွဲကို ရောက်လိို့သွားပြီး ဘိုးတော် အကျီလည်ပင်းစကို ဆောင့်ဆွဲလို့ တရားခံလို့ စွပ်စွဲချပစ်တယ်..

" ဟျောင့်တွေ.. မလုပ်နဲ့!!.."

ဂျေဟျွန်းလက်ထဲမှာ လည်ပင်းအစ်နေတဲ့ ဘိုးတော်ကြောင့် သူပြေးပြီး ဂျေဟျွန်းလက်တွေကို ဆွဲဖြုတ်လိုက်တယ်..

" ဂျောင်ကြီး! ဒါ မင်းကို ကားတိုက်ပြေးတဲ့ လူလေ.."

" အဲ့လက်ကို လွှတ်လိုက်ဆို!!.."

ဂျေဟျွန်းက သူ့ကို အံ့သြသလို ကြည့်လာတယ််.. ခုချိန်မှာ သူ အဲ့ဒါတွေကို အာရုံမစိုက်နိုင်သေးဘူး.. ဂျေဟျွန်းလက်နဲ့ တစ်အစ်အစ်ဖြစ်နေရှာတဲ့ အောက်က ဘိုးတော်ကိုပဲ မြင်တော့တယ်..

Jumping on the Cloud☁️Where stories live. Discover now