19 ☁️

571 154 64
                                    

Jumping on the Cloud ☁️
EP 19

" မင်း ငါနဲ့ ဟိုဘက်ထဲကို ခဏလိုက်ခဲ့လို့ ရမလား?.."

" ဟျောင့် ဟန်ဆော့ဂျွန်း!!.."

ဂျွန်ဂျောင်ဂုကို တစ်ချက်လှည့်ကြည့်လာတဲ့ ဟန်ဆောဂျွန်း မျက်နှာမှာ စိတ်မရှည်မူတွေနဲ့..

" အဲ့ဗူးခွံ ငါပစ်လိုက်တာလို့ ပြောပြီးပြီလေ.. မဆိုင်တဲ့သူကို ဆွဲမထည့်နဲ့!.."

" ငါ မင်းနဲ့ မရှင်းချင်ဘူး.. ချာအွန်နူးနဲ့ပဲ ရှင်းချင်တာ!.."

သူ့ကို လှည့်မကြည့်ဘဲ အွန်နူးမျက်နှာ တည့်တည့်ကို စိုက်ကြည့်လို့ မျက်လုံးမလွှဲဘဲ ပြောလိုက်တာ..

ဟန်ဆောဂျွန်း စကားကြောင့် အကုန်လုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားပေမယ့် အွန်နူးက သူ့ကောင်တွေကို လက်ကာပြလိုက်ရင်း..

" ရတယ် အေးဆေး.. ငါ ပြန်လာခဲ့မယ်.."

လိုက်သွားသည်..

ဟန်ဆောဂျွန်း လွယ်အိတ်ကို တစ်ချက်ပြင်လွယ်လို့ သူတို့အားလုံးကို ခပ်မဲ့မဲ့ကြည့်ပြီး လှည့်ထွက်သွားသည့်နောက်ကို အွန်နူးက လက်သီးတစ်ဆုပ်ဆုပ်နဲ့ လိုက်သွားသည်..

နဂိုထဲက သူတို့အဖွဲ့ထဲမှာ အွန်နူးကိုမြင်ရင် ပါးစပ်ကြီးရွဲ့ပြီး ပြုံးရတာနဲ့ ပုခုံးချင်းတိုက်ပြီး သွားရတာနဲ့ဆိုတော့ ကြည့်ရတာ ဟန်ဆောဂျွန်းက အွန်နူးကို ပိုပြီး အမြင်စောင်းနေပုံရသည်..

ဟွန့်! ဟန်ဆောဂျွန်း အခုတော့ ဘိုင်ဝမ်းခေါ်ချပြီပေါ့?..

" အွန်နူး ငါတို့ ဒီက စောင့်မယ်!.."

မင်းနောက်မှာ ငါတို့ရှိတယ်ဆိုတဲ့ အတွေးကို ထည့်ပေးလိုက်တာ.. ဟိုကောင့်ကို ကြိုက်သလောက်ထိိုးခဲ့ အွန်နူး.. ခုရှုပ်မှ နောက်ရှင်းပဲ..

ဒါပေမယ့် ဆယ်မိနစ်လောက် နေသည်ထိ အွန်နူးက ပြန်မလာ..

ဘန်ဘန်းက ဖင်တစ်ကြွကြွဖြစ်နေပြီ.. သူ ပြန်ချင်ပြီ.. ဒီကောင်တွေ နောက်ထပ်တစ်ခေါက် ထပ်ပြီး ရန်ဖြစ်ရင် သူက ကြားထဲက ခံရအုံးမည်..

တပ်ထားတဲ့ မျက်မှန်ကို ချွတ်ရင်း ကျောင်းအကျီအနားစပ်လေးနဲ့ သုပ်လိုက်သည်..

Jumping on the Cloud☁️Where stories live. Discover now