Jumping on the Cloud ☁️
EP 3ဆော့ဂျင် သူ့အနေနဲ့ နှုတ်ဆက်ရမည့် လူအကုန်နီးပါးကိုတော့ လိုက်လံနှုတ်ဆက်ပြီးစီးသွားပြီဖြစ်သည်..
ကျန်နေတာက ဆေးရုံအုပ်..
ဘာလို့နောက်ကျနေတာလဲ?..
သူ နာရီကို တစ်ချက်ကြည့်လိုက်ရင်း ဘူဖေးထားတဲ့ စားပွဲတွေနား လျှောက်သွားလိုက်သည်..
ဗိုက််အရင် ဖြည့်ထားလိုက်တာ အဆင်ပြေမယ်ထင်ပါတယ်.. ပင်လယ်ကမ်းခြေဒေသဆိုတော့ ဘူဖေးကလည်း ပုဇွန်တွေ ရေဘဝဲတွေချည်း ရှယ်ဖြစ််သည်..
ဘူဆန်ရောက်ရောက်ချင်း တန်းတက်ရတဲ့ ညစာ စားပွဲကြောင့် သူ့မှာ တကယ် ပင်ပန်းနေပြီဖြစ်တယ်..
သူ တာဝန်ရွှေ့ပြောင်းလာတဲ့ ဆေးရုံမှာ လက်ခံကျင်းပတဲ့ နိုင်ငံတကာ ဆေးဝါးသုတေသနစစ်တမ်းကောက်ပွဲ ညစာ စားပွဲကို အမှန်တကယ်် သူမတက်လဲ ရပေမယ့် စီနီယာတွေ မျက်နှာထောက်ပြီး လာလိုက်ရသည်..
နှစ်တိုင််း ကျင်းပနေတဲ့ နိုင်ငံတကာ ဆေးဝါး သုတေသနစစ်တမ်းပွဲတွေကြောင့် သူ ရင်းနှီးတဲ့ မျက်နှာတွေ ပါပေမယ့် အခုချိန်မှာ သူလိုက်နှုတ်ဆက်တာထက် ခေါင်းငြိမ့်ပြလို့ ပြုံးရုံသာ သူ တက်နိုင်သည်..
သူ့သတင်းကို ကြားသိထားတဲ့ အပေါင်းအသင်း မိတ်ဆွေနဲ့ စီနီယာ ဂျူနီယာတစ်ချို့က အားပေးစကား လာပြောကြပေမယ့် သူ ဒီလူတွေကြားထဲ နေရတာ စိတ်သက်တောင့်သက်သာ မဖြစ်ဘဲ အနည်းငယ်တော့ ရှက်နေမိသည်..
တကယ်တော့ သူဘူဆန်ရောက်လာတာက တာဝန်လွှဲပြောင်းခံရလို့ရယ်တင် မဟုတ်ဘဲ.. တခြားအကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိသေးသည်..
ရှောင်ပြေးတယ်ပဲ ပြောရမလား?..
ဆေးကျောင်းစတက်ကထဲက စာအတူတူလုပ်ရင်း ပေါင်းလာပြီး နိုင်ငံရပ်ခြားထိ ဘွဲ့လွန်တူတူသွားယူခဲ့ကြတဲ့ သူမနဲ့ ကျနော်..
ဆိုးလ်ကို ပြန်ရောက်တဲ့အချိန် အိမ်ကလည်း လက်ထပ်ဖို့ တိုက်တွန်းနေတာမို့ သူ့မှာ တကယ် ခေါင်းကြီးခဲ့ရတဲ့ အချိန်တွေ..
နောက်ဆုံး သူ့အမေရဲ့ ဘလိုင်းဒိတ်ချိန်းဆိုပေးမူတွေကို ရှောင်ရှားဖို့အတွက် အနေနီးတဲ့ သူမနဲ့ပဲ ရည်ငံခဲ့တာ..