Jumping on the Cloud ☁️
EP 14စုတ်ပြတ်ချာတူးလန်နေတဲ့ ဒီဇိုင်းကာလာအနေထားနဲ့ ချာတိတ်တစ်စုက သူ့ဌာနရှေ့မှာ မယောင်မလည် ရောက်နေကြပြန်ပြီ..
တစ်နေ့တစ်မျိုး တကယ်ကို မရိုးနိုင်ကြ..
ပါးတွေမှာလည်း ကိုးရီးယားအလံတွေ ခြယ်ထားကာ ဝစီကိုလည်း နားကန်းအောင် မှုတ်နေကြသေးသည်..
ချာတိတ်တစ်ယောက်ဆို ကိုးရီးယားအလံအဖြူကြီးကို ခေါင်းမြှီးခြုံထားတာမို့ သရဲပွဲတော်များ ရောက်နေသလား ထင်ရအောင်..
ဆေးရုံအုပ်သား.. တစ်နည်းအားဖြင့် ဂျောင်ဂုရဲ့ နဖူးတည့်တည့်မှာတော့ အနီရောင်အသဲပုံကြီး ခြယ်ထားတာကြောင့် မြင်နေရတာ တကယ်အဆင်မပြေ.. သူတို့ကိုယ် သူတို့တော့ ဟုတ်လှနေပြီ ထင်နေလောက်သည်..
" အာကျူးရှီ!.. ကျနော့်သူငယ်ချင်း အထိုးခံရလို့.."
ဂျောင်ဂုက သူ့သူငယ်ချင်းကို သူ့ရှေ့ဆွဲလာလို့ ပြတယ်.. ကြည့်ရတာ ဘောလုံးကန်ရင်း အဆော်ခံလာရပုံပဲ..
" ကျောင်းအားကစားပွဲ ရှိတာလား?.. မင်းတို့ကျောင်းမှာ.."
" ဟုတ်ဘူး.. တက္ကသိုလ်ထဲမှာ ရှိတာ.."
" ဆိုတော့ မင်းတို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ဖြစ်လာတယ်ပေါ့?.."
" မဟုတ်တာ.. သူ့ကိုက သူ့အကိုက ပြန်ထိုးလွှတ်လိုက်တာ.."
" ဟမ်?.."
ဆော့ဂျင် အံ့သြသွားရကာ အနာစစ်ပေးနေရင်း ချာတိတ်တွေကို မော့ကြည့်လိုက်သည်.. ဘယ်လိုဖြစ်လို့ ညီအကိုနှစ်ယောက်က ရန်ဖြစ်ရတာတုန်း?.. သူဖြင့် မကြုံဖူးတာချည်းပဲ ကြုံနေရပါလား?..
" ပါးရိုးကတော့ ယောင်ရုံပါပဲ.. မေးနည်းနည်းပြဲသွားတာကို ဆေးထည့်ပေးမယ်.. လိုက်ခဲ့.."
" ဟီး.. ဟုတ်ကဲ့.."
တစ်ဖွဲ့လုံးကြီး ထ,လိုက်ဖို့ ပြင်နေတာကြောင့် ဆော့ဂျင် အမြန်တားလိုက်ရသည်..
စောင့်ဆိုင်းခုံတွေမှာ စောင့်နေဖို့ မှာခဲ့လိုက်ရင်း ဒဏ်ရာရကျောင်းသားလေးကိုတော့ ဆေးပေးခန်းဘက်ကို ခေါ်သွားလိုက်သည်..