part2 Zawgyi

2.6K 26 0
                                    


အနီရောင်ပြိုင်ကားတစ်စီးဖြင့် ဇိုက်နေရမည့်အိမ်ကိုရောက်လာသည်။ ဆရာဝန်ဆိုသောလူက ကွန်ဒိုနဲ့နေတာကြောင့် ဇိုက်ကလိုက်မနေချင်။ ထို့ကြောင့်အဖေဖြစ်သူက နှစ်ထပ်တိုက် ပေ၃၀အကျယ်ရှိသော အိမ်တစ်လုံးအား လက်ငင်းဝယ်ကာ အရောက်ပို့ခြင်း။

"အကိုလေး ပစ္စည်းတွေအိမ်ထဲထဲ့လိုက်မယ်ဗျ"

"အင်း"

အရင်ရောက်နှင့်နေသော ဇိုက် စံအိမ်မှအလုပ်သမားက ဇိုက်ပစ္စည်းတွေကိုမ'ကာ အိမ်ထဲသို့ယူသွား၏။ ဇိုက်ကလဲ အိမ်၏အခြေနေကိုတစ်ချက်ကြည့်ပြီး ၀င်လာခဲ့သည်။ နံရံကိုအပြာနုရောင်ဆေးသုတ်ထားတာကြောင့် ပန်းချီကားဆန်ဆန်လှ၏။ အချိန်ကြာသည်အထိ အိမ်အပြင်ဆင်ကို တစ်ချက်ကြည့်ပြီး ဇိုက်အား ဧည့်ခန်းထဲတွင်စိုက်ကြည့်နေသော လူတစ်ယောက်ကြောင့် ဇိုက်အနည်းငယ်တော့ လန့်သွား၏။

"ဧည့်ခန်းထဲကိုဝင်ခဲ့"

အသံမာသည်လဲမဟုတ် နူးညံ့သည်လဲမဟုတ် ပုံမှန်အနေထားထက် အသံကိုအနည်းငယ် မြင့်တင်ကာခေါ်လာသော ထိုလူကိုဇိုက် ဘုကြည့်ကြည့်ပြီးဝင်ခဲ့သည်။

ချလောက်!

ဇိုက်ကကားသော့ကိုစားပွဲပေါ်သို့ပစ်ချပြီး ထိုစားပွဲပေါ်သို့ခြေနှစ်ချောင်းကို ပစ်တင်လိုက်သည်။

ရှေး မနက်အစောကြီးထကာ ထိုကောင်လေးလာမည်ဆိုသောကြောင့် အိမ်ကိုသေသေသပ်သပ်ပြင်ဆင်ထားသည်။တံခွန်ဇိုက်ဆိုတဲ့ကောင်လေးက ခရိုနီသားသမီးမို့ ထိန်းသိမ်းရမှာကြောက်ပေမဲ့ ကိုယ်တိုင်လဲ အမှားမလုပ်မိအောင်နေခြင်း။ အိမ်ကိုပတ်ကြည့်ကာ မိမိအသံကြောင့်ဝင်လာတဲ့ကောင်လေးက သော့ကိုပစ်ချကာ ‌စားပွဲပေါ်သို့ခြေတင်လိုက်သည်။ ထို့နောက် ခင်ဗျားက အဖေပြောတဲ့လူလားဆိုသော အကြည့်ဖြင့်။ တကယ်ယဉ်ကျေးမှုမရှိတဲ့ကောင်လေးဘဲ။

"ခြေထောက်ကိုအောက်ချလိုက်"

"မချနိုင်ဘူး"

"ကောင်းပြီ"

ရှေးသည်စကားတခွန်းမှမပြောဘဲ ကော်ဖီသောက်ကာ သတင်းစာကိုဖတ်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာတော့ဇိုက်စိတ်မရှည်တော့ပါ။ တခြားလူသာဆိုဆွဲထိုးမိနေပြီ။  ကျေးဇူးရှင်အဖေ၏အာဏာကြောင့်သာ ကိုယ်တိုင်ကဘဲ စိတ်လျော့ပြီး ခြေထောက်ကိုချလိုက်၏။

Opposite DirectionWhere stories live. Discover now