နာကျင်လာသော ဗိုက်သားနှင့်အတူ ဇိုက်အိပ်မရတော့ဘဲ နိုးထလာ၏။ ဘေးဘက်ကိုကြည့်တော့ ထင်သည့်အတိုင်းဆိုဖာပေါ်မှာဘဲ အိပ်နေတာဖြစ်သည်။ ညက ဆေးအရှိန်ကြောင့် အောက်ထပ်မှာဘဲ အိပ်မိသည်ထင်။ ဟိုဘဲကြီးက သူ့အား အခန်းထဲတောင်မပို့"တော်တော်ကျေးဇူးတင်ဖို့ကောင်းတဲ့ဘဲ"
"နိုးပြီလား ကောင်လေး"
နာရီကိုလက်တစ်ဖက်က၀တ်ပြီး အောက်ထပ်သို့ရှေးဆင်းလာ၏။ ထိုကောင်လေးကတော့ သူ့ကို မကျေနပ်သောအကြည့်ဖြင့်ကြည့်လျှင်
"ကိုယ့်ကိုယ်ပြောစရာရှိလို့လား?"
"မရှိဘူး"
"အင်း ကိုယ်မင်းတွက် ကြက်စွတ်ပြုတ် ပြုတ်ထားတယ် အဲ့တာသောက်ပြီး ဆေးသောက်အနားယူနေ ဒဏ်ရာကိုရေနဲ့မထိမိစေနဲ့ အော်နောက်ပြီး မင်းရဲ့ကားသော့ ဖုန်း laptop အကုန်လုံး၁ပတ်တိတိ သိမ်းထားတယ်"
"ဘာ! ဘာစောက်ကြောင်းရှိလို့ခင်ဗျားကလုပ်တာလဲ"
"ရန်ဖြစ်လို့"
ရှေးကထိုသို့ပြောပြီးထွက်သွားလျှင်
"ဟာ ဟေ့လူ ခနနေအုံး ကျစ်! နာလိုက်တာကွာ"
ဇိုက်ကအရှိန်ဖြင့်ထလိုက်တာကြောင့် ၀မ်းဗိုက်မှဆစ်ခနဲ နာလာ၏။ အသာလေး ဆိုဖာပေါ်ထိုင်ရင်း မကျေနပ်သည်ကိုလဲ တစ်ယောက်ထဲသာ ကြိတ်ခံရပြန်သည်။
At Hospital
ဂျူတီကုတ်အဖြူလေးကို၀တ်ပြီး ဟိုဘက်ပြေးဒီဘက်ပြေးဖြင့် ရှေးအလုပ်ရှုပ်နေသည်။ စိတ်ထဲမှာလဲ အိမ်ကကောင်လေးကို စိတ်ပူမိပြန်၏။ စိတ်မပူပေးလို့မှမရတာ သူများသားသမီးကို ဆုံးမရတာ တကယ်ခတ်တဲ့အလုပ်ပင်။ ယဉ်ကျေးအောင်လုပ်ရမဲ့အစီအစဉ်ကို ခနနားပြီး ရန်မဖစ်ဖို့အာပေါက်အောင်ပြောရအုံးမယ်ထင်၏။
"ရှေး"
"ဗျာ အကိုထူးစံ"
ရှေးက နားနေခန်းတွင် အလုပ်ရှုပ်နေတုံး စီနီယာအကိုဖြစ်သည့်ဒေါက်တာထူးစံရောက်လာသည်။ ရှေး ရင်းရင်းနှီးနှီးခင်မင်တာဆိုလို့ မမေမွန်နှင့် အကိုထူးစံသာရှိ၏။
YOU ARE READING
Opposite Direction
ActionHEဖစ်သော်ညား လောင်မြိုက်စရာဖြစ်တာမို့ sensitive uke momများ drop ချပစ်ဖို့ recommend ပေးပါသည်