Waring ပေးပါသဖြင့် မဖတ်ရဲတဲ့ငယ်လေးတွေကျော်ဖတ်လို့ရပါတယ်ရှင်💗
Ring...Ring...
တုန်ခါလာသောဖုန်းမြည်သံကြောင့် ရှေးအိပ်မရတော့ဘဲ အိပ်ယာပေါ်မှအကြောဆန့်ကာထလိုက်၏။ အချိန်ကိုကြည့်တော့၅နာရီခွဲသာရှိသေးသည်။ ဂျူတင်စောစောပြန်ချင်တာကြောင့် ရှေးဒီနေ့တော့ဆေးရုံစောစောသွားမည်ဟုသာတွေးလိုက်သည်။
အောက်ထပ်ဆင်းလာတော့ဟိုကောင်လေးက အိမ်ရှေ့ထွက်လေ့ကျင့်ခန်းလုပ်နေ၏။ ကျစ်လစ်နေသောကြွက်သားများနှင့် ပခုံးကားကားကြီးကိုမြင်တွေ့ရတော့ ရှေးအားကျမိသည်။ သူမှ အဲ့လိုမရှိဘဲ။ အိမ်တံခါးကိုဖွင့်ပြီး ထိုကောင်လေးနားသွားကာ
"ဇိုက်"
ဇိုက်တစ်ယောက်တညလုံး မိမိဆိုးခဲ့သမျှကြောင်းစဉ်းစားနေပြီ အခုထိညလုံးပေါက်မအိပ်ရသေးပေ။ မိမိကိုရင်းနှီးစွာခေါ်သံကြားတာကြောင့် ဇိုက်ကြည့်မိတော့ ဟိုလူကြီးဖြစ်နေ၏။
"ဘာတွေကြောင်ကြည့်နေတာလဲ ကောင်လေး"
"အဟွန်း! အရင်ကခေါ်သလိုမှမဟုတ်တာ"
"အော်"
ရှေးလဲတစ်ချက်ပြုံးပြီး
"ကိုယ်ဆေးရုံသွားတော့မယ် တစ်ခုခုဆိုဖုန်းဆက်လိုက်ကောင်လေး"
"နေအုံး"
ရှေးနောက်ကျောကကောင်လေးခေါ်သံကြောင့် ရှေးလှည့်ကြည့်မိတော့
"ဟိုဟာ...ကျွန်တော်အပြင်ခနသွားလို့ရလား"
"အင်းရပါတယ် အရင်လို ညည့်နက်တဲ့ထိတော့မနေနဲ့"
ရှေးပြောပြီးသည်နှင့် ကားတံခါးကိုဖွင့်ကာ အလျှင်မြန်ပြင်အိမ်ပြင်သို့မောင်းလာခဲ့သည်။ အရင်ရက်တွေလိုဆိုးသွမ်းချင်းမရှိဘဲ စကားထိန်းကာပြင်ပြောနေတဲ့ကောင်လေးကြောင့် ရှေးပျော်မိသား။ ဒီလိုဆိုတော့လဲမဆိုးပါဘူးလေ။
ခရမ်းရောင်တီရှပ်အကျီလက်ရှည်ကိုတံတောင်စစ်ထိခေါက်တင်ထားပြီး ကြယ်သီးသုံးလုံးကိုဖြုတ်ထားတာကြောင့် ဇိုက်ပုံစံက လူငယ်ဆန်ပေမဲ့ ခပ်မိုက်မိုက်လူငယ်လေးလိုဖြစ်နေသည်။ ဇိုက် ကားမောင်းလာသည့်နေရာက သူ့မိဘအိမ်ဖြစ်သည်။
YOU ARE READING
Opposite Direction
ActionHEဖစ်သော်ညား လောင်မြိုက်စရာဖြစ်တာမို့ sensitive uke momများ drop ချပစ်ဖို့ recommend ပေးပါသည်