"တံခွန်ဇိုက်!!!"မိမိနာမည်ခေါ်သံကြားတာကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း အိမ်ထဲဘက်ကို မျက်မှောင်ကြုံ့ကာ ကြည့်မိသည်။ ဒါဘဲလေ သူတစ်ယောက်ထဲ ကိုယ့်ကိုလုပ်လို့ရမယ်ထင်လား။ ဒါတောင်ပညာနဲနဲဘဲပြရုံရှိသေး။
"တံခွန်ဇိုက်!"
"ပြော"
"တိုင်စည်ပိုင်းထဲကရေတွေကို ဘာလုပ်လိုက်တာလဲ"
"ဘာတွေလာပြောနေတာလဲ"
"တံခွန်ဇိုက်!"
"ကျစ် !"
အောက်နှုတ်ခမ်းကိုကိုက်ထားကာ အသားတွေတုန်ပြီးသူ့ကိုကြည့်လာတာကြောင့် ဇိုက်ဘ၀င်မကျပါ။ ဒီလိုအကြည့်နဲ့တစ်ခြားသူသာဆို ရိုက်သတ်ပစ်တယ်။
"ကျုပ်ကိုညက အရင်လုပ်လို့ ပြန်လုပ်ယုံလေး"
"ဒါကလက်စားချေတာပေါ့ ဟုတ်လား?"
တကယ်စိတ်တိုသွားသည်ထင်သည်။ အသံကခပ်မြင့်မြင့်၊ ရေစိုစလေးများကပ်ကာ အပေါ်ရင်ဘက်ပိုင်းက နီရဲသွားတာတော့အမှန်ပင်။ ပုဆိုးကလဲတိုတို ၀တ်ထားတာကြောင့် ခြေသလုံးက လှသည်ဟုဆိုရမည်။ ဇိုက်အမဲ့တမဲ့ကြည့်မိယုံလေး။
"မင်းလုပ်ရက်ကို အန်ကယ့်ကိုပြန်တိုင်မယ်"
"ဟေးဟေး ခနနေအုံး ခင်ဗျားအရင်ကျုပ်ကိုလာလုပ်ပြီး သူများအသားကိုလုပ်ရင်ကျ ပျော်နေတာလား"
"မင်းအဖေက ငါ့ကိုအပ်ထားတာ မင်းကိုကောင်းစေချင်လို့ လိမ္မာစေချင်လို့ ငါကဆုံးမတာတံခွန်ဇိုက်"
"လိမ္မာရအောင် ကျုပ်က ကလေးမဟုတ်ဘူး"
"ကလေးထက် မတ်ရိုင်းလွန်းတယ်မင်းက"
"နားငြီးတယ် လစ်တော့ "
သူ့အား တစ်ခွန်းအကျန်ပြန်ခံပြောနေသောကောင်လေးကို ရှေးထပ်ပြီးစကားနိုင်မလုချင်တော့ပါ။ ၄/၅လလောက်ဘဲ မင်းကိုဆုံးမမယ်ကောင်လေး။ ဒါအန်ကယ့်ရောဂါ တစ်၀က်လျော့အောင်ဘဲ။
"ဟားဟား သားကြီး မင်းပေါက်ကရတွေလဲလုပ်တတ်တာဘဲလား"
"အဖေကသူ့ကိုကိုယ်ထိလက်ရောက်မလုပ်နဲ့ဆိုလို့ ကိုယ်ထိလက်ရောက်မဖြစ်တဲ့ဟာတွေနဲ့ဘဲပြန်လုပ်လိုက်တာ"
YOU ARE READING
Opposite Direction
ActionHEဖစ်သော်ညား လောင်မြိုက်စရာဖြစ်တာမို့ sensitive uke momများ drop ချပစ်ဖို့ recommend ပေးပါသည်