"မောင်ရေ မိုးလင်းနေပြီ ထတော့လေ"
"မောင်..."
"ကျစ်!"
ပြတင်းပေါက်ကိုဖွင့်ကာပြောလာတဲ့ရှေးကို ဇိုက်ဂရုမစိုက်ဘဲ ခေါင်းအုံးကိုမျက်နှာပေါ်ဖိကာ ဘေးတစ်ဖက်သို့လွှဲအိပ်လိုက်သည်။ ရှေးက အကျီလည်ရှည်မှ လက်ကောက်ဝတ်ကကြယ်စိကိုတတ်ပြီး ကုတင်ဘေးတွင်ထိုင်ကာ
"မောင်ခနနေတော့ထနော် ကိုယ်ဆေးရုံသွားတော့မယ် အလုပ်တွေပစ်ထားတာရက်ကြာနေပြီဆိုတော့ ဒီနေ့ဆေးရုံမှာနေဖို့ပိုများတယ်"
"........"
မောင့်ဘက်မှတုံ့ပြန်သာည့်စကားတစ်ခွန်းတောင်မကြားတာကြောင့် ရှေးကဘဲ ရှက်ပြုံးလေးပြုံးပြီး
"ကိုယ်ဆေးရုံသွားတော့မယ်မောင်"
လည်သာပိုက်ဆံအိတ်လေးကို ဘောင်းဘီကြားထိုးရင်း ဂျူတီကုတ်လေးကိုကိုင်ကာ အပြင်သို့ထွက်လာသည်။ အောက်ထက်တွင်ရှိသောဒေါ်ရတနာက ရှေးကိုအပြုံးဖြင့်ကြိုဆို၏။
ဇိုက်က သူ့မိဘအိမ်မှာဘဲနေချင်သည်ဆိုသောကြောင့် ရှေးလိုက်နေရခြင်းဖြစ်သည်။ ရှေးက တစ်ယောက်ထဲနေတာပိုသဘောကျပေမဲ့ ဇိုက်မိသားစုကရှေးကိုပုတ်ခတ်စော်ကားခြင်းစကားမရှိဘဲ ကြည်ဖြူတာကြောင့်ရှေးဘ၀န်တော့ကျမိ၏။
"သား မုန့်ဟင်းခါးလေးစားသွားအုံး"
"ဟုတ်ကဲ့ အန်တီ"
"အမေလို့ခေါ်လဲရပါတယ်ကွယ်"
ရှေးကလွတ်နေသောထိုင်ခုံတစ်ခုတွင်ဝင်ထိုင်ကာ ဒေါ်ရတနာကိုပြုံးပြပြီး
"ဟုတ်ကဲ့ပါအမေ"
ဒေါ်ရတနာသည် မုန့်ဟင်းခါးစားနေသော ရှေးလက်များကိုစေ့စေ့စပ်စပ်လိုက်ကြည့်၏။ သူ(မ)မြင်မှာဆိုးလို့ထင်သည် မနေ့ကသူ(မ)သားရိုက်ထားသော အရှိုးရာများကိုမပြ။ အကျီလက်ရှည်ဖြင့်အုပ်ထား၏။
"သားရှေး"
"ဟုတ်ကဲ့အမေ"
"အဆင်ရောပြေရဲ့လားသားရယ် ဇိုက်ကလေအသက်ရွယ်သာကြီးပေမဲ့ စိတ်က ကလေးစိတ်မို့ သားပေါ်နားမလည်သေးတာပါ"
"သားသိပါတယ်အမေ သူ့ဘက်ကသားကိုကြည်ဖြူအောင် သားကြိုးစားကြည့်အုံးမှာပါဗျ... သားဂျူတီရှိဘို့သွားတော့မယ် အမေ"
YOU ARE READING
Opposite Direction
ActionHEဖစ်သော်ညား လောင်မြိုက်စရာဖြစ်တာမို့ sensitive uke momများ drop ချပစ်ဖို့ recommend ပေးပါသည်