part12 🔞🔥 Uni

8.5K 270 14
                                    

"ကျစ်! ရှေးဆိုနှောင်း! ပိုက်ဆံတွေဖြုန်းတီးနေတာလား?"

ဧည့်ခန်းတွင်ဖြစ်၏။ ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့် ရှေး မနေ့ညကမျက်ကပ်မှန်၅စုံလောက်၀ယ်လိုက်သည်။ မနက်ရောက်တော့ deliလာပို့တာကြောင့် ရှေးက ၀မ်းသာအားရယူကာ တစ်ခုခြင်းစီတပ်နေ၏။

ရှေးမျက်ကပ်မှန်တပ်တာ ဇိုက်ကိုယ်တိုင်က သဘောကျတယ်ဆိုပေမဲ့ ကြာရင် မျက်လုံးထိခိုက်မှာဆိုးသဖြင့် ပိတ်အော်ပေးလိုက်သည်။ နေပါအုံး စိတ်ပူတာတဲ့လား...။

"မောင်မောင်ကလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၀ယ်တာကို"

"အလဟပ်သက်ဖြုန်းတီးနေသလိုဖြစ်နေပြီ! အခန်းထဲမှာလဲ ခင်ဗျားပစ္စည်းတွေကြီးဘဲ စကင်ကဲတာကတမျိုး အသားဖြူဆေးကတမျိုး ခန္ဓာကိုယ်ထိန်းသိမ်းတဲ့ဆေးကတမျိုး အခုလဲ၀ယ်ပြန်ပြီ ကျန်နေတဲ့ဗူး၁၀၀လောက်က လွှတ်ပစ်ရမှာလားဟမ်!"

"မအော်ပါနဲ့"

"ကျစ်!"

"မောင်မောင် လှလား ကြည့်ပေးအုံး"

MacBookကိုဖွင့်၍အလုပ်လုပ်နေတုံး ရှေးက သူ့လက်မောင်းကြီးကို ကိုင်ကာ လှုပ်ရမ်းပြီးပြောလာပေမဲ့ ဇိုက်မကြည့်သေးပေ။ သို့သော်အမဲ့တမဲ့ သူ့ပါးကိုကိုင်ပြီး ရှေးဘက်မျက်နှာလှည့်စေတော့ မျက်ကပ်မှန်တပ်ထားတဲ့ မျက်လုံးလေးတွေက လှတယ်လို့ပြောရမည်။

အပြာရောင်...မဟုတ်သေးဘူးဒါက မိုးပြာရောင်လား? အဖြူအကြောင်းလေးတွေရောယှက်ပြီး ပါ၀င်နေတဲ့မျက်၀န်းလေးက ဇိုက်ခနတော့ငေးကြည့်မိတာ အမှန်...။

"အဟမ်း! ဖယ်တော့"

"မောင်မောင်ကလဲ လှလားမေးနေတာကို"

"မလှဘူးရပြီလားဖယ်တော့"

ထို့နောက် MacBookကိုပိတ်ကာဇိုက် ခြံရှေ့ကိုထွက်လာသည်။ သူထွက်ပြီးမကြာ အနောက်က အရိပ်ဖြူလေးကလဲ ဆူအောင့်ပြီးထွက်လာ၏။ ဇိုက်အခုတလော ရှေးကိုပက်စားပေးလွန်းတာကြောင့် ရှေးက အခွင့်ရေးရရင်ရသလို ဇိုက်နားမှာနေသည်။

"ဘာလို့လိုက်လာပြန်ပြီလဲ"

"လှလားလို့"

"မလှဘူး"

Opposite DirectionWhere stories live. Discover now