part11 Unicode

7.3K 277 8
                                    

"အဲ့လောက်ဆွဲဆောင်နေမှတော့ ကျုပ်ကလဲ
ကျားကြီးရေ‌သောက်ပြရသေးတာပေါ့ကွာ!"

"‌အို...မောင်မောင်နော် ဘာတွေလာပြောနေမှန်းမသိဘူး"

ပန်းရောင်သန်းသွားသောပါးလေးကို ဇိုက်က လက်ဖြင့်ညှစ်လိုက်ပြီး ရှေးကိုယ်လေးကို အိပ်ယာပေါ်သို့လှဲချစေသည်။ ထို့နောက်ဇိုက်က ရှေးအပေါ်မှာနေရာယူ‌၍ အကျီချွတ်တော့...

"မောင်မောင်...ခန..ဟင့်"

ဇိုက်ရင်ဘတ်ကြီးကို ရှေးလက်ဖွေးဖွေးများဖြင့်တွန်းဖယ်တော့ ဇိုက်ကလဲ အရင်လို လက်ရဲဇက်ရဲမလုပ်ပေ။ ရှေးအပေါ်ကအသာယာဖယ်ပေးလိုက်ပေမဲ့ ရုပ်ကတော့ သံပုရာသီးစားထားသလားမှတ်ရ၏။

"ဘာဖစ်ပြန်ပြီလဲ"

"ဟို...အဲ့တာမလုပ်ချင်ဘူး"

"ကျစ်! အရင်ကလဲလုပ်ဖူးတာဘဲကို ခင်ဗျားရာ"

ထို့နောက်ဇိုက်က သပတ်ကိုယူကာ ရေချိုးခန်းထဲ၀င်ကာ အော်ပြောလိုက်တာက

ရေချိုးပြီးရင် လုပ်မှာတဲ့လေ...

ရေချိုးခန်းထဲကကောင်လေးထွက်လာမှာကို ရှေးသပတ်တစ်ထည်ယူကာစောင့်နေ၏။ ‌တံခါးရှေ့မှာ ရှေ့သွားလိုက်နောက်သွားလိုက်ဖြင့်။

ဂျလောက်!

ခန‌ကြာတော့ဆံပင်ရေစိုဖြင့်ထွက်လာတဲ့ကောင်လေးကို ရှေးကသပတ်လှမ်းပေးတော့ အရင်လို အ၀တ်ခြင်းထဲမထည့်ဘဲ လက်ခံယူ၏။

"မောင်မောင့်ခေါင်းကို သုတ်ပေးမယ်လေ"

"အင်း"

ထို့နောက်ရှေးက ကုတင်ပေါ်မှာနေရာ၀င်ယူလိုက်ပြီး မောင်က ကုတင်အောက်မှာထိုင်၏။ ခုနကဖစ်ခဲ့တဲ့ကိစ္စမှာ မောင်က သူ့ကိုမရိုက်တဲ့အပြင် ကြင်နာပြသလိုလို...။

"ရှေးဆိုနှောင်း"

"ဟုတ်ကဲ့မောင်မောင်"

"နောက်တစ်ခါ ကျုပ်သွားတဲ့အရပ်ကိုလိုက်မလာနဲ့ ကျုပ်သွားတဲ့နေရာတိုင်းက ခင်ဗျားတွက်မလုံခြုံဘူး"

"အွန်း~ မောင်‌မောင်ဘဲလိုက်ခဲ့ပြောပြီး အင့်!"

ရှေးမသိလိုက်ခင်မှာပင် ရှေးကိုယ်လေးကို ကုတင်ပေါ်ပစ်ချလိုက်ပြီး ဇိုက်အုပ်မိုးလာ၏။ ဇိုက်ခေါင်းပေါ်မှရေစက်များက ရှေးနှုတ်ခမ်းစပ်နားကိုကျတော့ လက်မဖြင့်ဖိသုပ်ပြီးလျှင်

Opposite DirectionWhere stories live. Discover now