part10 Unicode

12K 489 38
                                    

"မိုးတွေအုံ့နေတာ ဘယ်သွားအုံးမလို့လဲရှေးဆိုနှောင်း"

ဒီနေ့ကုမ္မဏီပိတ်ရက်ဖြစ်တာကြောင့် ဇိုက်ဘယ်ကိုမှမသွားဘဲ အိမ်မှာအနားယူလိုက်သည်။ ရှေးကတော့ ဂနာမငြိမ်၊ ဖုန်းပြောလိုက် စာပြန်ဖတ်လိုက်နဲ့ အလုပ်ရှုပ်နေ၏။ အခုလဲ ကားသော့ကိုဆွဲကာ ထွက်သွားဖို့လုပ်နေတော့ ဇိုက်က ခါးထောက်ပြီးမေးလိုက်သည်။

"အရေးပေါ် operationရှိတယ်မောင် မသွားလို့မဖြစ်လို့"

"ကျစ်! တစ်ခြားတ‌စ်ယောက်နဲ့လွှဲလို့မရဘူးလား"

"မရလို့ပါမောင်ရဲ့ အမေတို့လဲအိမ်မှာမရှိဘူး မောင်ဗိုက်စားရင် ခေါက်ဆွဲပြုတ်စားလိုက်နော် ကိုယ်သွားပြီ"

"ဟာ နေအုံးလေ ရှေးဆိုနှောင်း!"

သူ့စကားကိုနားမထောင်ဘဲထွက်သွားသောလူကြီးကို ပြေးထိုးချင်မိ။ အရင်က ဘယ်လောက်ဘဲကိစ္စကြီးကြီး သူစားဖို့တစ်ခုခုလုပ်ပေးခဲ့သေးတာမလား?

"ကျစ်! ပိတ်ရက်ကိုယောက်ျားနဲ့တူတူနေမယ်မရှိဘူး"

ဇိုက်ငြင်းတွားရင် ဖုန်းကိုဖွင့်ကြည့်တော့ နေ့လည်၁နာရီပင်။ ပြတင်းပေါက်မှအုံ့မှိုင်းလာသောမိုးကို ဂရုမစိုက်ဘဲ အပြင်ထွက်ဖို့သာ ကြံလိုက်တော့၏။

ရှေး ဆေးရုံကိုရောက်ရောက်ခြင်း အဆင်သင့်ပေး‌လာသောဂျူတီကုတ်ကိုယူကာ နားကြပ်ကိုကိုင်ပြီး ခပ်သွက်သွက်လျှောက်လာသည်။

"အခြေနေဘယ်လိုလဲ ဆရာမ"

"ခွဲစိတ်မှုအနီဆင့်ပါဒေါက်တာ မေ့ဆေး‌ဆရာ၀န်က‌ဆေးထိုးပြီးပြန်သွားပါပြီ လူနာက မေ့ဆေးအရှိန်လွန်သွားပြီး သွေးထွက်နှုန်းလဲများနေပါတယ်"

"မဖြစ်သေးဘူး ခုနကမေ့ဆေးဆရာ၀န်ကိုပြန်ခေါ်လိုက် ကျွန်တော် operatingကထွက်လာတာနဲ့ သူ့ကိုတွေ့ချင်တယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

ရှေးက အလုပ်လုပ်ရင် အရယ်ပြုံးနည်းသည်။ မောင်နဲ့ပတ်သက်ပြီး သူ့စိတ်ကပျော့ညံ့ပေမဲ့ ပတ်၀န်းကျင်နဲ့ဆို ရှေးကို မည်သူမှမော်မကြည့်ရဲ။ ခွဲစိတ်ဆရာ၀န်ဖြစ်တာကြောင့် တလကိုရာနဲ့ချီရသည်။

Opposite DirectionWhere stories live. Discover now