part6 Unicode

11.6K 451 32
                                    

"ကျွန်တော့သားအစား ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော်ခွေးတစ်ကောင်ကိုမွေးထာသလိုပါဘဲ တောက်စ်!"

"ဖုံးမရဖိမရကိစ္စမဟုတ်ပေမဲ့ အခုဟာက ကျော်မကောင်းကြားမကောင်း အို...ကျမဖြင့် အဟင့် အဟင့်"

ဦးတံခွန်ဖြိုး၀ယ်ပေးထားသောနှစ်ထပ်တိုက်ပုလေးတွင် နှစ်ဖက်မိဘစုံစုံလင်လင်ရောက်နေ၏။ သားဖြစ်သူကို ဥက္ကဌရာထူးလွဲပြောင်းဖို့ကိစ္စနဲ့လာခေါ်ရင်း သူမြင်မိသည့်အရာက အိပ်ယာပေါ်တွင်သားဖြစ်သူနှင့်ဒေါက်တာတို့နှုတ်မှထုတ်၍ပြောမရသောပုံရိပ်။ နှလုံးရောဂါရှိသူမိူ့ ကိုယ့်ကိုယ်ကိုယ်သတိပေးပြီး ဒေါက်တာ့၏မိဘတွေကိုခေါ်ကာ ဧည့်ခန်းတွင်ဆွေးနွေးနေသည်။

"မေမေမငိုပါနဲ့နော် သားအဆင်ပြေပါတယ်"

ရှေးကအမေဖြစ်သူကိုနှစ်သိမ့်ပေးပေမဲ့ ဒေါ်ပိုးမေ ခေါင်းကိုအကြိမ်အကြိမ်ခါရမ်းကာ

"မေမေ့သားလေ သားရယ်..."

"အမဗျ(ဒေါ်ပိုးမေ) ကျွန်တော့သားကြောင့်ဖစ်တာ ကျွန်တော့်သားကိုတာ၀န်ယူခိုင်းပါ့မယ်"

"အဖေ!"

ဒီတစ်ခါအသံထွက်လာသူက ဇိုက်ပင်။ ဇိုက်ညက အမှန်တကယ်မူးနေတာကြောင့် ရှေးကိုဧကရီအထင်ဖြင့်ယူမိလိုက်ခြင်း။

‌ဇိုက်ဘက်မှကန့်ကွက်သည့်သဘောရှိတာကြောင့် ရှေးမနေနိုင်တော့ဘဲ

"ရပါတယ်အန်ကယ် ကျွန်တော်ကယောက်ျားသားတစ်ယောက်ပါ ဘာမှမဖစ်ပါဘူးဗျ"

"ကျုပ်လဲတာ၀န်ယူမယ်မပြောမိဘူး"

ခွပ်!

"မင်းစောက်ပါးစပ်ကို ပိတ်ထားတံခွန်ဇိုက်! ခွေးဇတ်ခင်းတဲ့ကောင်! လူလိုနားမလည်တဲ့ကောင်"

ခွပ်!ခွပ်!ခွပ်

ဦးတံခွန်ဖြိုးဒေါသမထိန်းနိုင်တော့ဘဲ ဇိုက်ကိုအပေါ်စီးကနေလိမ့်ထိုး၏။ နှလုံးရောဂါစိုးလာမှာကြောင့် ရှေးက ခန္ဓာကိုယ်ကိုက်ခဲနေသည့်ကြားထဲကမတ်တပ်ရပ်ကာ ၀င်ဆွဲပြီး

"တော်ပါတော့ဗျာ ကျွန်တော်တောင်းပန်ပါတယ် တော်ကြပါတော့"

"မောင်ရင်ရယ်  အန်ကယ်တောင်းပန်ပါတယ်"

Opposite DirectionWhere stories live. Discover now