Part13 Unicode

5K 168 6
                                    

ကိုယ့်အချစ်တွေသာ မောင်သိရင်ဘယ်လောက်ကောင်းမလဲ
မောင်သာ ဒီအချစ်တွေကိုလက်ခံရင်
ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားက ရှေးဖြစ်မှာ...။

Noteစာအုပ်ပေါ်မှာလက်ချောင်းဖွေးဖွေးလေးတွေဖြင့်ရေးသားရင်း စာအုပ်ကို ဗီဒိုစင်ပေါ်သို့ထပ်လိုက်သည်။ ဂျူတီကုတ်ကို ချိတ်(ဂျိတ်)ဖြင့်ချိတ်ပြီး ရှေးက အိပ်နေသော မောင့်ဘေးနားသို့၀င်ထိုင်လိုက်၏။ မောင်အခုတလောအလုပ်တွေအရမ်းများတာကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တာ အခုတော့အိပ်ယာထဲမှာကွေးနေရပြီလေ။ သူ့ကိုလဲဆေးရုံမသွားခိုင်းဘဲ ‌ဘေးနားမှာ‌ပြုစုခိုင်းနေတာ ကလေးဂျီကျသလားမှတ်ရတယ်။

"မောင်... မောင်မောင်ရေ ထတော့ ဆေးသောက်ရမယ်"

"အင်း..."

အိပ်ယာထဲလူးလိမ့်ကာ သံရှည်တစ်ချက်ဆွဲပြီး မောင်ကအကြောဆန့်ကာ နိုးလာသည်။

"အဲ့ဆန်ပြုတ်ကြီးမသောက်ချင်ဘူး"

"မသောက်လို့မရဘူးလေမောင်ရယ် အမေက ကြက်သားစွတ်ပြုတ်တော့ပြုတ်ပေးတယ် မောင်မစားချင်ဘူးဆိုလို့ နောက်တစ်ခုထပ်လုပ်လိုက်တာ မစားချင်ရင်တောင်တစ်၀က်တော့စားနော်"

ပါးစပ်ထဲကိုဇွန်းအတင်းထိုးလာသော လူကြီးကြောင့် ဇိုက်မစားချင်လဲ ပါးစပ်ဟကာ စားလိုက်သည်။

ပုံမှန်ဆိုရှေးဘာလုပ်လုပ် ဇိုက်တစ်ချက်မှအကောင်းမမြင်ပေ။ သို့သော်အခုတလော နှစ်ယောက်သားအဆင်ပြေသည်ဟုပြောရမည်။ ဇိုက်ကမည်သို့သော ခံစားချက်မျိုးရှိသည်က်ုထုတ်မပြောပေမဲ့ရှေးကိုအရင်လို မရိုက်တော့ပေ။ ရှေးကလဲ သူ့ကိုအရင်ကထက် ပိုချွဲ၏။

ထို့နောက် သူ့လက်ထဲမှဆေးကို ဇိုက်ကိုပေးပြီး

"မောင်သောက်လိုက်အုံး"

ဇိုက်စကားတစ်ခွန်းမှမပြောဘဲ ပါးစပ်ထဲဆေးများပစ်ထည့်ကာသောက်လိုက်သည်။ ထို့နောက် ပန်းကန်ယူကာထွက်သွားဖို့လုပ်နေသော လူကြီး၏ လက်ကောက်၀တ်လေးကိုဆွဲချပြီး ရင်ခွင်ထဲရောက်စေလျှင်

"မောင့်!"

"အင်း"

"ဖယ်ပါ မောင်မောင်ရယ် နားလိုက်အုံး"

Opposite DirectionWhere stories live. Discover now