part9 Unicode

11.9K 484 39
                                    


အပြင်ထွက် အလေလိုက်တဲ့ရက်တွေကများလွန်းတာကြောင့် ဇိုက်အတွက်စီးပွားရေးအလုပ်က ခတ်ခဲလွန်းသည်။ ဝါသနာပါတာလုပ်မယ်ဆိုသော်လည်း ဇိုက်ဝါသနာပါတာဘာမှမရှိ။ အဖေဖြစ်သူ၏ဆန္ဒကြောင့်ပါ ကုမ္မဏီကို ဦးစည်းနေရ၏။

မနေ့က ဟိုလူကြီးကိုရိုက်ထားတာ‌ အိပ်ယာထဲကထတောင်ထနိုင်ပါ့မလား... ကျစ်!သူနဲ့မဆိုင်တဲ့ကိစ္စတွေဘာ‌လို့တွေးနေရတာလဲ နှိပ်စက်လက်စနဲ့ထပ်နှိပ်စက်လိုက်မယ်။

ထို့နောက် ဇိုက်က ဖုန်းနံပါတ်တစ်ခုကိုခေါ်ပြီး...

'ဘာလဲ'

အရင်ကဆို တမောင်မောင်နဲ့ခေါ်နေတဲ့လူကြီးက သူ့အားဖုန်းထဲမှ လေသံခပ်မာမာပြောလာတာကြောင့် ဇိုက်ဘ၀င်တော့မကျပေ။

'အဟမ်း ဗိုက်ဆာတယ် ကျုပ်ဆီထမင်းလာပို့'

'မလာနိုင်ဘူးမောင် မနေ့ကလဲမောင်ရိုက်ထားတာ တစ်ကိုယ်လုံးကိုက်ခဲနေပြီ'

'အဲ့တာကျုပ်စောက်လုပ်မဟုတ်ဘူး ပို့စရာရှိတာလာပို့ ဒါဘဲ!'

ရောင်းသူ၀ယ်သူ စကားကိုခပ်မာမာပြောပြီး ဖုန်းကိုချပစ်လိုက်သည်။ ဟိုလူကြီးလာပါ့မလား... ကျစ်! မလာရင်အိမ်ရောက်မှ ထပ်ရိုက်ပြမယ်။

"CEO"

ကိုယ့်ဘာသာတွေးနေတုံး ခေါ်သံကြားတာကြောင့် ကြည့်မိတာ့အတွင်းရေးမှူးပန်ဖူးနွယ် ဖြစ်၏။ အဖေဖြစ်သူလက်ထပ်မှာထဲက အလုပ်လုပ်လာတဲ့ထိုမိန်းမက ခေသူတော့မဟုတ်။ အလုပ်လုပ်ရာတွင်တိကျပြီး အမှားမခံဘဲ လုပ်တတ်၏။ အနက်ရောင်ဆံထိုးကို ဝါကျင့်ကျင့်ဆံပင်ပေါ်တွင်ထုံးထားပြီး ကိုယ်လုံးကိုယ်ပေါက်ကလဲပြောစရာမလိုအောင်လှ၏။

ပန်ဖူးနွယ်နားကိုကပ်ချင်နေသောယောက်ျားများပြားလှပေမဲ့ ဇိုက်တွက်တော့မဟုတ်။ ဇိုက်ဘက်ကကြည့်စရာမလိုအောင် ထိုမိန်းမက ဇိုက်ကို ဘယ်လိုရရ ယူမယ်ဆိုမည့် မိန်းမမျိုးပင်...။

"ပြောလေ မပန်ဖူးနွယ်"

"ကျွန်မတို့တူတူထမင်းသွားစားကြမလား CEOအသစ်စက်စက်လေးကို ကျွန်မက ဂုဏ်ပြုချင်လို့လေ"

Opposite DirectionWhere stories live. Discover now