"ဟုတ်ပါတယ် ကျွန်မ Adeline Kennedy ပါ"
Aiden သူ့မျက်လုံးကိုတောင် သူမယုံနိုင်ပါ။ Adeline ဆိုတာက သူတို့ လူပျိုဘဝလောက်တုန်းကအရမ်းကိုနာမည်ရှိခဲ့သည့် သရုပ်ဆောင်တစ်ဦးပေ။ ရွှေရောင်ဆံပင်လေးတွေနဲ့ နှုတ်ခမ်းဝိုင်းဝိုင်းပြည့်ပြည့်လေးတွေရှိသည့် အပြင် ခန္ဓာကိုယ်အချိုးအစားလှပြီး အရည်အချင်းအပြည့်အဝရှိသည့် ပြင်သစ်မိန်းကလေးဖြစ်၏။
Aiden နဲ့ဆိုလျှင် ခုနှစ်နှစ်လောက်သာကြီးသည့် အမျိုးသမီးဖြစ်ပေ၏။ သိပ်လှသည့်အမျိုးသမီးဖြစ်တာကြောင့် မိန်းကလေးများကအစအားကျ သဘောကျခဲ့ရသည့်အမျိုးသမီးပေ။
အခု ထိုသို့သော အမျိုးသမီးက သူ၏ရှေ့တွင် မျက်နှာ၌ ထိုးကြိတ်ခံထားရသည့်ဒဏ်ရာတွေဖြင့်ထိုင်နေလေ၏။ Aiden မှာ သူ၏မျက်လုံးကိုတောင် သူမယုံနိုင်ပါ။
"ဒါဆို ရှင် ကျွန်မကိုကူညီမယ်မဟုတ်လား"
ထိုစကားကြောင့် သူတွန့်ဆုတ်သွားလေ၏။ သူသည် ညှင်းပန်းနိုပ်စက်သည့်အမှုကိုကိုင်ခဲ့ဖူးပေမဲ့ ထိုတုန်းကအလုပ်ရှင်နဲ့အလုပ်သမားကြားထဲကပေ အခုလိုအိမ်ထောင်ရေးမဟုတ်ပါ။ ထို့အပြင် သူဝင်စွပ်ဖက်ရသည်မှာ သာမာန်တော့မဟုတ် ကမ္ဘာထိပ်တန်းသူဌေးတစ်ဦးကိုပေ။ ကမ္ဘာကျော်ရေမွှေးထုတ်ကုန်တွေ၏ ပိုင်ရှင်၊ Louis လုပ်ငန်းစုရဲ့ CEOဖြင့် ရင်ဆိုင်ရမည့် တိုက်ပွဲပေ။
Adeline သည် Aiden၏တွန့်ဆုတ်နေသည့် အပြုအမူကိုမြင်တော့ သူမကိုမငြင်းဆန်မိဖို့အတွက် Aiden၏လက်ကိုဆုပ်ကိုင်လိုက်၏။
"ကျွန်မကိုကူညီပါနော် ရှင်သာမကူညီရင် ကျွန်မဒုက္ခရောက်မှာ ပြင်သစ်မှာတုန်းက ရှေ့နေအတော်အများကို ကျွန်မအကူအညီတောင်းခဲ့ပြီးပါပြီ သူတို့က Louis ကိုကြောက်လို့ ငြင်းပယ်ကြတယ် ရှင်ကတော့အဲ့လိုမလုပ်ပါနဲ့ရှင်"
တောင်းပန်သည့် အသံဖြင့် ပြောနေသည့်သူမ၏မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့ပြည့်နေ၏။ သရုပ်ဆောင်တစ်ယောက်၏ အစစ်အမှန်ခံစားချက်တွေကို Aiden အခု သူမ၏မျက်ဝန်းတွေထဲကနေ မြင်နေရ၏။ တော့်တော့်ကိုနာကျင်ပြီး ကြောက်ရွံ့နေပုံပေ။တစ်ချိန်က အမြဲတမ်း တောက်ပနေခဲ့သည့်အပြာရောင်မျက်ဝန်းတွေကအခုတော့အရောင်မှိန်နေသည်မှာ သူမဘယ်လောက်တောင်ခံစားနေရမလဲဆိုတာ မသိနိုင်ပါ။
YOU ARE READING
Jax
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...