Part 10

23 2 1
                                    

Oliver တစ်ယောက် အကောင်းဆုံးဆိုသည့် ရေမွှေးကိုမှစွတ်လာလေ၏။ဒါမှ Lorenzoအနားသို့သူကပ်လိုက်သည့်အခါ Lorenzoက သူ၏အနံ့ကို သတိထားမိမှာဖြစ်၏။ အဖြူရောင် အထဲကဆွယ်တာကိုဝတ်၍အောက်တွင် အပြာရင့်ရောင်စတိုင်ပန့်ကိုဝတ်လိုက်၏။ဆောင်းဦးဖြစ်နေပြီမို့အေးနေတာကြောင့် မမေ့မလျော့ ကုတ်အင်္ကျီကိုဝတ်ဖို့မမေ့ပေ။ သေချာပြင်ဆင်ပြီးနောက်သူအခန်းထဲကနေထွက်လာပြီး ဧည့်ခန်းကိုရောက်တော့ လက်တော့တစ်လုံးဖြင့်အလုပ်များနေသည့် ဖခင်ကို နှုတ်ဆက်ပြီး ထွက်သွားလေ၏။

ဖခင်ဖြစ်သူမှာလည်း သားဖြစ်သူအကြောင်းသိနေပြီဖြစ်တာကြောင့် ထွေထွေထူးထူး လှမ်း၍လည်းမပြောပါ။ သား၏အလိုအတိုင်းလွှတ်ပေးထားလေ၏။

Oliver Lorenzo၏အိမ်ကိုရောက်တော့ သူ့အိမ်ပမာဝင်သွားလေ၏။ထိုအခါ ဝင်ဝင်ချင်းမှာBetoနဲ့တွေ့၏။ Betoကသူ့ကိုတွေ့သည်နဲ့ ပါးလေးနှစ်ဖက်မှာနီရဲသွားပေမဲ့ Oliverမှာတော့ သတိမထားမိပါ။ Beto ကိုတစ်ချက်ကြည့်၍

"Daddy ဘယ်မှာလဲ"

"ဗျာ..အာ..bossက သူ့အခန်းထဲမှာပါ..ရေ"

စကားပင်ဆုံးအောင်မျှနားမထောင်ပဲ Lorenzo၏အခန်းဆီ လျှောက်သွားသည့် Oliver၏ ကျောပြင်သေးသေးကို Betoမှာညိုးငယ်စွာနဲ့ကြည့်နေလေသည်။ နောက်တော့ သက်ပြင်းကိုချ၍လက်ထဲကသစ်သားပုံးကို သယ်ကာဂိုဒေါင်ထဲထည့်ဖို့သွားလေ၏။

Oliver သည် Lorenzo၏အခန်းရှေ့ကိုရောက်တော့ တံခါးကိုခေါက်လိုက်၏။ သို့ပေမဲ့အထဲကဘာမှတုံ့ပြန်သံမကြားရတာကြောင့် တံခါးကိုဖွင့်၍ သူဝင်သွားလေ၏။ အထဲကိုရောက်တော့ သူသည်အခန်းတစ်ခုလုံးအားနှံ့စပ်နေအောင်ကြည့်ပေမဲ့ Lorenzoကိုမတွေ့ပါ။သို့ပေမဲ့ ရေချိုးခန်းထဲ၌ ရေကျသံကိုကြားလိုက်ရတာကြောင့် Lorenzoမှာရေချိုးနေမှန်းသူသိလိုက်ရ၏။

ထိုအခါ သူ၏ နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးမှာ အ​ပေါ်သို့ ကော့ညွှတ်သွားလေ၏။ သူ၏ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး အနီးကအင်္ကျီချိတ်မှာချိတ်လိုက်၍ ကုတင်ပေါ်​ခြေချိတ်ထိုင်ရင်း ရေချိုးခန်းထဲကထွက်လာမည့် Lorenzoကိုစောင့်နေ၏။

Jax Where stories live. Discover now