Part 13

29 1 1
                                    

Lorenzo၏အိမ်ကအိမ်ဖော်အမျိုးသမီးကြီးသည် Aiden၏မျက်နှာက ဒဏ်ရာတွေအား ဆေးထည့်ပေးနေ၏။ Aidenမှာ ဒဏ်ရာပေါ် ဆေးတို့ထားသည့်ဂွမ်းစထိတွေ့လာတိုင်း မျက်နှာမှာရှုံ့မဲ့သွားတတ်၏။ သို့ပေမဲ့တွန့်ဆုတ်သွားခြင်းတော့မရှိပါ။ ထိုသို့​သောမျက်နှာအမူအယာကို Lorenzoမှာမျက်နှာတည်ကြီးဖြင့် မျက်နှာချင်းဆိုင်ကဆိုဖာ၌ လက်ကိုပိုက်၍ ခြေကိုချိတ်၍ထိုင်ကာကြည့်နေ၏။ သူ၏မျက်နှာမှာလည်းပလာစတာအချို့ကရှိနေသေး၏။

ခဏအကြာမှာဆေးထည့်လို့ပြီးတော့ Aiden၏မျက်နှာသည် Lorenzoနည်းတူ ပလာစတာတွေဖြင့် ဖြစ်သွားလေ၏။ ဆေးထည့်ပြီးသွားသည်နဲ့ Aidenမှာတစ်ချက်လေးမှမစောင့်ပဲ ဆိုဖာကနေထ၍ ပြန်ဖို့လုပ်တော့ Lorenzoမှာအမြန်လေးဆိုဖာကနေထ၍ Aiden၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလေ၏။

"ဒါဘယ်လဲ"

"အိမ်ပြန်မလို့"

"မပြန်နဲ့ဦး"

"ဘာလို့လဲ"

"ညစာစားသွား"

"မစားဘူး"

"ကျစ် ခင်ဗျားတော်တော်ခေါင်းမာပါလား"

Aidenမှာမျက်မှောင်ကိုကုတ်၍ သူ၏လက်ကောက်ဝတ်ကို Lorenzo၏လက်ထဲကနေရုန်းထွက်လိုက်၏။ မျက်မှောင်ကိုသာကျုံ့ထား၍ သူသည် Lorenzoကိုအကြည့်လွှဲထားလေ၏။

Lorenzoမှာ Aiden၏မျက်နှာကိုခဏလောက်ကြည့်ပြီးနောက် စကားထပ်စ၏။

"ကျုပ်ကျေးဇူးဆပ်မလို့ အဲ့ဒါညစာစားပြီးမှပြန် တောင်းဆိုတာမဟုတ်ဘူး"

Aidenမှာ Lorenzo၏စကားအသွားအလာကို နားထဲဘဝင်မကျဖြစ်တာကြောင့် မျက်မှောင်ကျုံ့၍ ကြည့်လိုက်၏။ ဘာမှတော့ပြန်မပြောပါ။ပြောချင်သည့်စကားကိုအံကြိတ်၍ထိန်းလိုက်ခြင်းဖြစ်၏။

သူသည်ဆိုဖာပေါ်ပြန်၍ထိုင်ချလိုက်ပြီး လက်ကိုပိုက်ထားလိုက်၏။ Aidenထိုင်တော့ Lorenzoလည်း သူ၏နေရာမှာပြန်၍ထိုင်၏။ နှစ်​ယောက်သားစကားမပြောပဲ ကျယ်ဝန်းလှသည့်ဧည့်ခန်းကြီးကနှစ်​​ယောက်သား၏အသက်ရှုသံနဲ့လေတိုးသံကလွဲရင် ဘာအသံမှထွက်မလာပါ။ Aidenကတော့ တိတ်ဆိတ်စွာနဲ့အိမ်၏ပတ်ဝန်းကျင်ကိုလေ့လာနေ၏။ လန်ဒန်ကစျေးအကြီးဆုံးအိမ်တွေထဲကတစ်ခု။ ဒီလိုအိမ်မျိုးကိုဝယ်နိုင်ဖို့ဆိုတာ တော်တော်ချမ်းသာမှပေ။ အိမ်၏အပြင်အဆင်ကနွေးထွေးမှုမရှိ၊အနက်ရောင်တွေနဲ့သာပြည့်နေပြီး ခေတ်ဆန်မှုအနည်းငယ်ရှိ၏။

Jax Where stories live. Discover now