Aiden သည် တစ်ကိုယ်လုံးပေါ်သည့် မှန်ရှေ့တွင်ရပ်၍ သူ့ကိုယ်သူကြည့်လိုက်၏။ ဒီညကမျက်နှာဖုံးပါတီရှိသည့် ညပေ။ ဒီညမှာသူ၏အမှုကိုစဖို့အတွက် ခြေလှမ်းကိုစတင်ဖို့ရာဖြစ်သည်။
ရှပ်အင်္ကျီအဖြူကိုသေချာဝတ်လိုက်ပြီး အနက်ရောင်ဘောင်းဘီထဲ အောက်ဆုံးအပိုင်းကိုထည့်လိုက်၏။ နက်ကတိုင်တွေထဲမှာမှ အသစ်ဆိုသည့်ဟာကိုထုတ်၍ သေချာစွာ လည်ပင်းတွင် ချည်ဝတ်လိုက်၏။နက်ကတိုင်၏အရောင်မှာအပြာရင့်ရောင်ပေ။အပြာရင့်လွန်းလို့ အနက်နဲ့တောင်မှားနိုင်၏။
အပေါ်အင်္ကျီ မထပ်ရသေးသည့် မိမိ၏ပုံစံကိုမှန်ထဲ မှာကြည့်ရင်း ငွေရောင်နာရီကိုလက်တွင်ဝတ်လိုက်၏။ နောက်တော့မှသာ ကုတ်အနက်ကို ဝတ်လိုက်ပြီး ကြယ်သီးကိုတပ်၍ မှန်ထဲမှာသေချာကြည့်ရင်း ဝတ်စုံကိုသေချာလုပ်လိုက်၏။ ထိုအခါ suit အပြည့်နဲ့ သူ၏ပုံစံသည် မှန်ထဲတွင်ပုံရိပ်ထင်လာလေ၏။
အမြဲတမ်းဝတ်လေ့ရှိသည့်ပုံစံဖြစ်တာကြောင့် သူ့အတွက်မထူးခြားနေပါ။ ချွတ်ထားသည့်မျက်မှန်ကိုကောက်တပ်ဖို့လုပ်ခါမှ မျက်နှာဖုံးတပ်ရမယ်လို့ သတိရတာကြောင့် မျက်မှန်ကို အပေါ် အင်္ကျီထဲထည့်လိုက်ပြီး မျက်နှာဖုံးအနက်ကိုတပ်လိုက်၏။ ဘာအလှအပမှမပါပေမဲ့မျက်လုံးအဝိုက်နားမှာကျောက်တုံးအနက်တွေဖြင့်စီခြယ်ထားသည့် အနက်ရောင်ပြောင် မျက်လုံးကိုသာဖုံးသည့် မျက်နှာဖုံးပေ။
မျက်မှန်မပါတာကြောင့်အနည်းငယ်တော့မျက်လုံးကကြည့်ရတာအဆင်မပြေပါ။ထို့ကြောင့် မျက်မှန်ကိုလည်း မပါမဖြစ်ယူသွားလေ၏။
(Aiden's mask)
သူဌေးကြီး James Smith ပိုင်ဆိုင်သည့် ဟိုတယ်ကြီးသည် တစ်ချိန်က အင်္ဂလိပ်သူဌေးကြီးတစ်ဦးစံအိမ်ဖြစ်ခဲ့သည်။ Mr. Smith မှာ ထိုစံအိမ်ကြီးကို ဝယ်ယူပြီး သူ၏ကိုယ်ပိုင် ပါတီတွေကျင်းပရာ ဟိုတယ်ကြီး အဖြစ်ပြောင်းလဲခဲ့၏။ ကြီးမားကျယ်ဝန်းလွန်းသည့် စံအိမ်ကြီး၏ခြံဝန်းထဲကို ကားတွေတစ်စီးပြီးတစ်စီး အခြွေအရံကားတွေဖြင့်ဝင်လာကြ၏။
YOU ARE READING
Jax
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...