(Italy, Palermo City)
"Che cosa?"
(ဘာ)Federico တစ်ယောက် သဲအိတ်အား ထိုးနေရာကနေ ရပ််လိုက်ပြီး Ronကို ကြည့်လိုက်၏။ သူ၏အကြည့်တွင် နားမလည်ခြင်းတို့ဖြင့်ပြည့်နေပြီး မျက်မှောင်ကိုကြုတ်ထား၏။
"Lorenzo လုပ်ကြံခံရတယ်"
"ဟုတ်ပါတယ် ကားနဲ့အပြန် လုပ်ကြံခံရတယ်လို့ပြောပါတယ်"
"မဖြစ်နိုင်တာ Ron မင်းငါမသိပဲ Lorenzoကိုလုပ်ကြံဖို့ရာ လူလွှတ်ထားသေးလား"
"မလွှတ်ထားပါဘူး သူဌေး သူဌေးပြောတဲ့အတိုင်း Lorenzo နဲ့ရင်းနှီးတယ်ဆိုတဲ့ အမျိုးသားကိုပဲ နောက်ယောင်ခံလိုက်ခိုင်းထားတာပါ"
"È...è...impossibile!"
(အဲ့ဒါက..မဖြစ်နိုင်ဘူးလေ)"ကျွန်တော့်အထင် Lorenzoကိုသေစေချင်တဲ့ လူ ကျွန်တော်တို့အပြင်နောက်ထပ်ရှိသေးတယ်ထင်တယ်"
"ဒါပေမဲ့ ဘယ်သူလဲ"
Federico သည် စိတ်ရှုပ်ထွေးစွာနဲ့ပြော၍ သူ၏လက်အိတ်ကိုချွတ်လိုက်ပြီး ကြမ်းပြင်သို့လွှတ်ပစ်လိုက်၏။ နောက်တော့စားပွဲပေါ်၌ တင်ထားသည့် ရေဘူးကိုလှမ်းယူ၍ ရေအားတဝကြီးမော့သောက်လိုက်၏။
"ဘယ်သူပဲ ဖြစ်ဖြစ် အဲ့လူက ငါနဲ့အကြံတူမယ်ဆိုတာသေချာတယ် ကျစ် ပြိုင်ဘက်နောက်တစ်ယောက်ပေါ်လာပြီပေါ့"
"ကျွန်တော်တို့ဘာဆက်လုပ်သင့်လဲ သူဌေး"
"အခုလက်တလောတော့ ဘာမှမလုပ်နဲ့ဦး ငါခိုင်းထားတဲ့အတိုင်း လန်ဒန်ကတစ်ယောက်ကိုပဲနောက်ယောင်ခံဆက်လိုက်ထား အခြေအနေတွေကို ငါခဏလောက်စောင့်ကြည့်ဦးမယ်"
"ဟုတ်ကဲ့ပါ သူဌေး"
Ronသည် ခေါင်းကိုညိတ်ပြီးနောက် ထွက်သွားလေ၏။ Federico ကတော့ ရေကိုသာသောက်နေပြီး သူ၏အတွေးတွေသည် သူ၏ ပြိုင်ဖက်ဆိုသူ ဘယ်သူဖြစ်နိုင်လဲလို့တွေးနေ၏။ ဖြစ်နိုင်ချေတွေအားတွက်၍ သူတွေးရာ ဖြစ်နိုင်ချေရှိသည့်လူတွေကထွက်လာ၏။ သို့ပေမဲ့ မည်သူဆိုတာကိုတော့ သူလည်းတပ်အပ်မပြောနိုင်ပါ။
"သခင်လေး Federico"
ရုတ်တရက်အခေါ်ကြောင့် သူ၏အတွေးတွေမှာရပ်တန့်သွား၍ အသံလာရာကိုကြည့်လိုက်၏။ ထိုအခါ Amsterdam မိသားစု၏ ဘဏ္ဍာမှူးကို တွေ့လိုက်ရသည်ကြောင့် သူသည် မျက်မှောင်ကိုသာကြုတ်လိုက်၏။ သူသည် ထိုဘဏ္ဍာမှူးအားမကြိုက်ပါ။အကြောင်းမှာ ထိုဘဏ္ဍာမှူးမှာ Lorenzo၏ လူဖြစ်သည်ကြောင့် ဖြစ်၏။ ထိုဘဏ္ဍာမှူးနဲ့ Lorenzo၏ဆက်ဆံရေးသည် တူကြီးတွေလို အလွန်ရင်းနှီး၏။
YOU ARE READING
Jax
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...