လွန်ခဲ့သည့် ၁၂နှစ်
(England, Derby City)
၁၆ နှစ်အရွယ် Aiden ၏ ပုံမှန်နေ့ရက်တစ်ခုကိုစတင်ချိန်ဖြစ်၏။ ၆နာရီတိတိပေးထားသည့် အလန်းကမြည်ချိန်မှာ အလန်းကိုပိတ်၍ အိစက်နေသည့်အိပ်ရာထက်ကနေမထချင်ပဲ ထလာရပြီးပျင်းတိပျင်းရွဲ့ မျက်နှာသစ်၏။ ထို့အတူ အဖေဖြစ်သူမှာလည်း ပျင်းတိပျင်းရွဲ့နဲ့ သူ့ကိုမှီပြီး သားအဖနှစ်ယောက် မျက်နှာအတူတူသစ်ရင်း အချိန်တွေဆွဲနေရာ မီးဖိုချောင်က အိမ်၏တစ်ဦးတည်းသော အမျိုးသမီးကအော်မှသာ ကပျာကယာနဲ့ အသည်းအသန် သစ်ကြလေ၏။
မနက်စာကို ပန်ကိတ်ကိုစားသည့်အခါမှာလည်း သားအဖေနှစ်ယောက်အချိန်ဆွဲနေတာကြောင့် အမေဖြစ်သူမှာ လက်ထဲမှာကိုင်ထားသည့် ဓားနဲ့မုန်လာဥနီကို အားပြင်းပြင်းနဲ့လှီးရင်း အသိပေးတာကြောင့် သားအဖနှစ်ယောက်စလုံး ပန်ကိတ်ကိုပါးစပ်ထဲအမြန်ထိုးထည့်၍ စားလေ၏။
မနက်စာစားပြီး အဖေဖြစ်သူမှာအလုပ်၊Aidenမှာ ကျောင်းကိုသွားဖို့အတွက်ပြင်လေ၏။
"Aiden"
အမေဖြစ်သူ၏အော်အခေါ်ကြောင့်အပေါက်ဝကနေ မီးဖိုချောင်ကိုပြန်လှည့်လာရ၏။ထိုအခါ အမေဖြစ်သူမှာထမင်းချိုင့်ကိုပေးတော့ Aidenတစ်ယောက်မျက်နှာတစ်ခုလုံးရှုံ့မဲ့သွား၏။
"အမေ.."
စကားပင်မစရသေးပါ။အမေ၏အကြည့်စူးစူးကြောင့် ထမင်းချိုင့်ကိုယူလိုက်ရ၏။ထမင်းချိုင့်ကို ယူတော့အမေဖြစ်သူမှာပြုံး၍ သားဖြစ်သူ၏မျက်နှာကိုညှပ်ကိုင်၍ အာဘွားတွေပေးတော့လေ၏။
"မေ့သား အလိမ္မာတုံးလေ ကျောင်းမှာရန်ထပ်မဖြစ်နဲ့ဦး"
"ဟုတ်ဟုတ်"
Aidenသည် အမေဖြစ်သူ၏ပါးကိုအာဘွား ပေးပြီးနောက် မီးဖိုချောင်ကနေထွက်သွားပြီး အိမ်ရှေ့မှာရပ်ထားသည့် မိမိစက်ဘီးကိုနင်း၍ကျောင်းသို့ထွက်သွားလေ၏။ ထိုအခါ Aiden၏အဖေမှာလည်း မီးဖိုချောင်ထဲကို ပြုံးစိစိနဲ့ ဝင်လာ၏။
"အသည်းလေး ကိုယ့်ကိုလဲ အာဘွားလေး"
ထိုအခါ Aiden၏အမေမှာ စိုက်ကြည့်တော့ သူ့ခမျာရှေ့ဆက်မတိုးပဲ မျက်နှာငယ်လေးဖြစ်သွား၏။ ထိုအပြုအမှုကြောင့် Aiden၏အမေမှာရယ်မောရင်း နှုတ်ခမ်းကိုနမ်းပေးလိုက်၏။
YOU ARE READING
Jax
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...