Ep 10 (uni)

37.9K 1.4K 63
                                    

6နာရီဆို ပုံမှန်နိုးနေကြအတိုင်း အိပ်ယာမှထကာ
ဘုရားပန်းအိုးလှဲ၊ သောက်တော်ရေကပ်၊ ဘုရားကန်တော့ပြီးတာနဲ့ မီးဖိုချောင်ထဲ၀င်လာလိုက်သည်။
လပြည့်က စောစောနိုးတတ်တော့ ဒီတိုင်းလည်းမနေတတ်တာအတူမို့ မနက်ခင်းဆို ကိုယ်လုပ်နိုင်သလောက် ကူညီညာလုပ်ပေးဖြစ်၏။ ကိုယ့်အိမ်မှာလည်း ပုံမှန်လုပ်နေကြတွေမို့ ဒီလောက်ကတော့ပန်းတယ်မဆို။ ပြီးတော့ အလုပ်သွားတဲ့အစ်ကို့အတွက်လည်း မနက်ခင်းစာကို ဖွယ်ဖွယ်ရာရာလေး အာဟာရဖြည့်သွားစေချင်တာမို့။

"ကြီးကြွယ် ဒီနေ့ဘာတွေ၀ယ်လာခဲ့တာလဲ"

"ဒီနေ့စုံလို့တော် ၀ယ်ခဲ့တာ၊ ငါးဖယ်လေးတွေလည်း၀ယ်လာခဲ့တယ်၊ မရမ်းသီး‌လေးတွေ ပေါ်ဦးပေါ်ဖျားမို့၀ယ်လာခဲ့တယ်၊ ၀က်သားလည်းပါတယ်၊ သီးစုံချဉ်ဟင်းချက်ဖို့လည်း အစုံ၀ယ်လာခဲ့တယ်တော်"

"ဟုတ်လား အများကြီးပဲ၊ လပြည့် မရမ်းသီးလေးထောင်းသုပ်လေးလုပ်လိုက်မယ်နော် ကြီးကြွယ်"

"လပြည့်လေးသဘောပါတော်"

"ဟီးဟီး"

သင်္ခလေးတို့များ မိန်းမကိုရှာယူတတ်ပါ့။ အလိုက်ကလည်းသိပြီး စကားပြောကလိမ္မာယဉ်ကျေးသေးတာ။ တကယ့်ကလေးလိုမျိုးပဲ စိတ်ထားလေးကလည်းဖြူစင်ပါ့။ မနှိုင်းမေပြောပြောနေကြ ကျွန်မသားသမီးတွေ အိမ်ထောင်ကျရင် ဘယ်လိုဟာတွေနဲ့ရမလဲဆိုပြီး ပူပန်ရတာဆိုတာ ခုတော့ သင်္ခလေးအတွက်စိတ်အေးသွားရပါပြီလေ။

"ကြီးကြွယ် ဒါပြီးရင်ငါးဖယ်ကို လပြည့်ပဲချက်လိုက်မယ်နော်၊ ကြီးကြွယ်က ကျန်တာပဲချက်လိုက်တော့"

"ဟုတ်ပါပြီရှင် လပြည့်လက်ရာလေးစားရတာပေါ့၊
အမလေး သင်္ခလေးက သူ့မိန်းမလက်ရာသိတယ်ထင်တယ်တော့ မနက်ခင်းထမင်းစားတိုင်း လပြည့်ချက်တဲ့ဟင်းပဲအများဆုံးထည့်စားတာ၊ ဒီအဒေါ်ကြီးလက်ရာငြီးငွေ့ပြီနေမှာပေါ့အေ"

"ဟီးဟီး အဲ့လိုလည်းမဟုတ်ပါဘူး ကြီးကြွယ်ရဲ့၊
ကြီးကြွယ်လက်ရာဒီလောက်ကောင်းနေတာကို"

"ကြီးကြွယ်လက်ရာကောင်းလည်း လပြည့်လေးကိုတော့မမှီပါဘူးတော်"

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now