Uni
အမုန်းမီးလေး ငြိမ်းပေးပါ
💦 💦💦💦💦💦အပိုင်း ၂
💦💦💦💦💦💦ကြာရိပ် အတွက် ဘဝတစ်ခုလုံး ရိုက်ချိုးခံလိုက်သဖြင့် ဘဝလမ်းတွေက ပကတိ အမှောင်ဖြစ်သွားခဲ့လေပြီ။
မျက်ရည်တွေနှင့် ပြည့်လျှံနေသော သူမအတွက် ရှေ့ဆက်ရမည့် လမ်းတွေက ဝိုးတဝါးပင် ဖြစ်နေလေသည်။
ရူပါ တစ်ယောက် မှော်ရုံဝန်း စံအိမ်ကြီး ရဲ့ လမ်းချိုးအတိုင်း ကားကို မောင်းဝင်လာလေရာ အရှေ့မှ မြင်လိုက်ရသော အရိပ်ကလေးကြောင့် ကားကို ရပ်လိုက်လေတော့သည်။
"ဟိတ်"
ကားပေါ်မှ ဆင်းကာ ကြာရိပ် ရှိရာသို့ လျှောက်ခဲ့လေပြီး
"မင်း ကြာရိပ်ဖြူ မဟုတ်လား"
အသံလာရာကို ကြည့်လိုက်တော့
"ဟင်"
ကြာရိပ် မှတ်မိလိုက်လေသည် သခင်လေး နဲ့ လက်ထပ်မည် ဆိုသော မမ ဖြစ်နေလေသည်။
"ဘာဖြစ်လာတာလဲ ညီမလေး လာ အမ ကားပါတယ် ကားပေါ်တက်"
ရူပါ ငိုရှိုက်နေသော ကြာရိပ် လက်ကို ဆွဲကာ ခေါ်ခဲ့လိုက်လေသည်။
ကြာရိပ်ကို ကားထဲဝင်ထိုင်စေပြီး
"မှော်ရုံဝန်း စံအိမ်မှာ ဘာဖြစ်လာတာလဲ အမ ကို ပြောပြပါ"
ကြာရိပ် သူမ ကို မျက်ရည်လေး များစွာဖြင့် မော့ကြည့်လာလေရာ ရူပါ သက်ပြင်းကို ရှိုက်လိုက်ပြီး
"ပြောမှာသာ ပြောပါ ညီမလေး အမ ကို ဘာမှ အားနာစရာမလိုဘူး"
ကြာရိပ်လည်း ထိုအခါမှ တင်းထားတဲ့ စိတ်တွေကို လွှတ်ချကာ ဖြစ်ကြောင်း ကုန်စင်ပြောပြလေတော့သည်။
အကြောင်းစုံကို ပြောပြလို့ အပြီးတွင်တော့ ရူပါ တစ်ယောက် ဒေါသများစွာ ဖြစ်ပေါ်လာကာ လက်သီးဆုတ်ထားမိလေသည်။"တောက် မိုက်ရိုင်းလိုက်ကြတာ စစ် ရှင့်ကို ကျွန်မ အဲ့လောက်ထိအောက်တန်းကျမယ်လို့ မထင်ခဲ့မိဘူး "
စိတ်တွင် တီးတိုးရေရွတ်ရင်း ကြာရိပ်ကို သနားဂရုဏာ သက်စွာပင် ထွေးပွေ့လိုက်မိလေသည်။
YOU ARE READING
အမုန်းမီးလေးငြိမ်းပေးပါ
Romanceမှော်ရုံးဝန်း စံအိမ် သခင်လေးနဲ့ အစေခံကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်း